DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် သေဆုံးသူ အဘွားအိုအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်စဉ် အသက်ပြန်ရှင်လာ 
DVB
·
November 25, 2025
ထိုင်းတွင် သေဆုံးသူ အဘွားအိုအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်စဉ် အသက်ပြန်ရှင်လာ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင်ထဲမှာ သေဆုံးသွားတဲ့ အမျိုးသမီးကြီးတယောက်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်စဉ် ပြန်ပြီးအသက်ရှင်လာတဲ့ ထူးခြားဖြစ်စဉ်တခု ဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နိုဝင်ဘာ ၂၂ ရက်က သေဆုံးသွားတဲ့ အသက် ၆၅ နှစ်ရွယ် နန်းချွန်းထိရေ့ ဆိုသူ အဘွားတယောက်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ဆွေမျိုးသားချင်းတွေက နွန်ထပူရီခရိုင် ဘန်ယိုင်မြို့ ရတ်တခေါင်းထမ်း ကျောင်းတိုက်ကို ယူဆောင်လာခဲ့ပါတယ်။ 

သုဘရာဇာက မီးသင်္ဂြိုဟ်စက်တွေ ပြင်ဆင်ပြီး ကားပေါ်က အသုဘခေါင်းကို ရွှေ့ရန်ပြင်နေစဉ် အခေါင်းထဲက ထုသံ ခေါက်သံတွေ ကြားရတယ်၊ အခေါင်းကို ဖွင့်ကြည့်ရာမှာတော့ အဘွားက မသေသေးဘဲ အခေါင်းနံရံခေါက်ပြီး အကူအညီတောင်းနေတာလို့ ဆိုပါတယ်။ 

အဘွားဟာ နွမ်းနယ်ပြီး အားပျော့နေတယ်၊ စကားကို သဲ့သဲ့ပြောနိုင်ပြီး အခြေအနေ အကုန်သိနေတယ်၊ ဒါကြောင့် ဆွေမျိုးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ဘန်ယိုင်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။  

အဘွားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီလောက်က ဗိစနုလုတ်မြို့နယ်ရှိ  ခြံထဲက အုန်းပင်ခြေရင်းမှာ လဲနေတယ်၊ တကိုယ်လုံး အေးစက်တောင့်တင်းနေပြီး အသက်လည်း မရှူတော့တာကြောင့် သေဆုံးသွားပြီလို့ ရပ်ကွက်လူကြီးကို  အကြောင်းကြားလိုက်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးကလည်း သေဆုံးကြောင်း ထောက်ခံစာ ထုတ်ပေးလိုက်တယ်လို့  အဘွားရဲ့ မောင်လေးတော်စပ်သူ နိုင်းမုံးခုန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

သေဆုံးသူမှာ သူ မသေခင်က ဘန်ကောက် ကျူလာလောင်ကွန်းဆေးရုံကြီးမှာ ခန္ဓာကိုယ် လှူဒါန်းထားတာကြောင့် ဆွေမျိုးတွေက သူ့ရဲ့အလောင်းကို ဆေးရုံကို အပ်နှံပေးဖို့ ဘန်ကောက်ကို သယ်ဆောင်လာပါတယ်။ 

ဆေးရုံရောက်တော့ အထောက်အထား မပြည့်စုံတာကြောင့် အလောင်းကို လက်မခံဘူး။ ဗိစနုလုတ်မှာ အထောက်အထား ပြန်ယူဖို့ ပြောတယ်။ သူတို့လာခဲ့တဲ့လမ်းခရီးမှာ ကီလိုမီတာ ပေါင်း ၄၀၀ ကျော်တာကြောင့် ပြန်သွားပြီး ပြန်လာဖို့ မဖြစ်နိုင်လို့  ဘန်ကောက်မှာပဲ သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။  

ယန်နာဝါရဲစခန်းမှာ ထောက်ခံစာ သွားတောင်းတယ်၊ အဲဒီနောက် သင်္ဂြိုဟ်ဖို့  နေရာလိုက်ရှာတာမှာ နွန်ထပူရီ ရတ်တခေါင်းထမ်း ကျောင်းတိုက်က ကုသိုလ်ဖြစ် အခမဲ့သင်္ဂြိုဟ်ပေးကြောင်းသိရလို့  အဲဒီကို ခေါ်ခဲ့တာလို့ ပြောပါတယ်။ 

နောက်ထပ် ဆွေမျိုးတယောက်ကလည်း အဆိုပါအဘွားဟာ နေမကောင်းလို့ တရှောင်ရှောင် ဖြစ်နေတာ ၃ နှစ်လောက်ရှိပြီ၊ ဒီမတိုင်ခင်ရှေ့ကလည်း ထမင်းကောင်းကောင်းမစားနိုင်ဘူး၊ အဲဒီနေ့ကတော့ ခန္ဓာအေးစက်ပြီး ဘယ်လိုမှ လှုပ်နိုးလို့မရတာကြောင့် အားလုံးက သေဆုံးပြီလို့ ယူဆနေကြတာလို့ ပြောပါတယ်။ 

ဆေးရုံကတော့ အဆိုပါအဘွားဟာ ဂလူးကို့စ်ဓာတ် လွန်စွာကျဆင်းသွားတာကြောင့် ကိုယ်ခန္ဓာ အေးစက်နေတာ ဖြစ်တယ်၊ အမှန်က လမ်းမှာ ခေါ်လာကတည်းက သတိရနေပြီး ကားသံတွေနဲ့မို့  အခေါင်းခေါက်သံကို ဘယ်သူမှ မကြားမိတာ ဖြစ်မယ်၊ အခုတော့ ဆေးရုံက  ကောင်းစွာ ကုသပေးနေတယ်လို့ ပြောသွားပါတယ်။ 

Source:  Khaosod / Ejan News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013