DVB Logo
Home
မြန်မာသတင်း
နှစ်ရှည်ထောင်ဒဏ်ကျ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် AI တောင်းဆို
DVB
·
November 25, 2025
နှစ်ရှည်ထောင်ဒဏ်ကျ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် AI တောင်းဆို
Donate to DVB

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို  အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က  တောင်းဆိုလိုက်ပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၃ ခုနှစ် မေလတုန်းက မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ် အခြေအနေ သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံနေရကာ အင်းစိန်အကျဉ်းထောင်တွင်းမှာ “နေ့စဉ် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု” တွေနဲ့ “လက်တုံ့ပြန် ညှဉ်းပန်းနှိပ်စက်မှု”တွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အနည်းဆုံး ၇ ယောက် သေဆုံးခဲ့ရသလို ကိုစိုင်းဇော်သိုက်ဟာ သူ့ရဲ့အလုပ်ကို လုပ်ဆောင်နေရင်း ပစ်မှတ်ထားခံရတဲ့ သတင်းသမားတွေထဲက တယောက် ဖြစ်လာခဲ့ပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ သတင်းသမားတယောက်ဟာ သူ့ရဲ့အလုပ်ကို လုပ်ဆောင်နေတဲ့အတွက် ပစ်မှတ်ထားခံရတာမျိုး ဘယ်တော့မှ မဖြစ်သင့်ဘူးလို့ ဆိုထားကြသလို စိုင်းဇော်သိုက်ဟာ အကျဉ်းထောင်ထဲမှာ ရိုက်နှက်ခံရတာတွေ၊ တယောက်တည်း သီးသန့်ချုပ်နှောင်ခံရတာတွေကို ကြံ့ကြံ့ခံနေရမယ့်အစား သူ့မိသားစုနဲ့အတူ အိမ်မှာ ရှိနေသင့်တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုနိုင်မယ့် ကမ်ပိန်းတခုကို ပြုလုပ်နေပြီး အားလုံးပါဝင်ကြဖို့ နှိုးဆော်ထားကာ သတင်းသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့လည်း AI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ တရုတ်၊ အစ္စရေးနဲ့ မြန်မာနိုင်ငံတွေက သတင်းထောက်တွေကို စံချိန်တင် ဖမ်းဆီးထောင်ချမှု အများဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံစာရင်းထဲ ပါဝင်နေပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တကမ္ဘာလုံးမှာ အနည်းဆုံး သတင်းသမား ၃၆၁ ယောက် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက် လွတ်မြောက်ရေးအတွက် အွန်လိုင်း လှုပ်ရှားမှုဖြစ်တဲ့ Free Myanmar photojournalist Sai Zaw ကမ်ပိန်းမှာ ပူးပေါင်းပါဝင် ကြဖို့လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တိုက်တွန်းထားပါတယ်။ 

 လင့်ခ်- https://www.amnesty.org/en/petition/free-myanmar-photojournalist-sai-zaw/

Source/ Photo :  Amnesty International(AI)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013