DVB Logo
Home
အားကစား
အသင်းဖော်ကို ပါးရိုက်ခဲ့သည့် အဲဗာတန်ကွင်းလယ်လူ ဂေဟီ တောင်းပန်
DVB
·
November 25, 2025
အသင်းဖော်ကို ပါးရိုက်ခဲ့သည့် အဲဗာတန်ကွင်းလယ်လူ ဂေဟီ တောင်းပန်
Donate to DVB

မန်ယူနိုက်တက်နဲ့ပွဲမှာ အသင်းဖော်ချင်း လက်ရောက် ကျူးလွန်ခဲ့တဲ့အပေါ် အဲဗာတန်ကွင်းလယ်လူ အီဒရစ်ဆာဂေဟီက တောင်းပန်လိုက်ပါတယ်။

ဆီနီဂေါကွင်းလယ်လူ ဂေဟီဟာ ပွဲချိန် ၁၃ မိနစ်မှာ အသင်းဖော်နောက်ခံလူ မိုက်ကယ်ကိန်းနဲ့ အချင်းများခဲ့ပြီး ကိန်းရဲ့ပါးကို လက်နဲ့ ရိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာပါ။

အဲဗာတန်ဟာ ပွဲချိန် ၁၃ မိနစ်ကတည်းက တယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့ ကွင်းလယ်လူ  ဒရူးဘူရီဟောရဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့အတူ မန်ယူအသင်းကို အနိုင်ရခဲ့တာပါ။

ဂေဟီဟာ ပွဲအပြီး အဝတ်လဲခန်းထဲမှာတော့ သူ့ရဲ့လုပ်ရပ်အတွက် အသင်းဖော်တွေကို တောင်းပန်စကား ဆိုခဲ့ပြီး အံ့ဖွယ်ရာစွမ်းဆောင်ရည် ပြသပြီး အနိုင်ရလဒ် ရယူခဲ့တဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်းလည်း ပြောခဲ့တယ်လို့ နည်းပြမိုယက်စ်က ပြန်ပြောပါတယ်။

နိုင်လိုစိတ်ပြင်းထန်တဲ့ အသင်းတသင်းဖြစ်ဖို့အတွက် ကစားသမားတွေအချင်းချင်း တိုက်ခိုက် ကြတာကို နှစ်သက်ကြောင်းလည်း နည်းပြမိုယက်စ်က ဂေဟီဘက်ကနေ ကာကွယ်ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013