DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကိုကျားဖြန့်မှ နိုင်ငံခြားသား ၁၀၀ ကျော် ထပ်မံဖမ်းဆီးရမိ
DVB
·
November 25, 2025
ရွှေကုက္ကိုကျားဖြန့်မှ နိုင်ငံခြားသား ၁၀၀ ကျော် ထပ်မံဖမ်းဆီးရမိ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုနယ်မြေအတွင်းကနေ အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းပြုလုပ်ရာမှာ ပါဝင်တဲ့ နိုင်ငံခြားသား ၁၀၁ ယောက်ကို ထပ်မံဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ ရွှေကုက္ကိုဒေသအတွင်း ကျားဖြန့်နှိမ်နှင်းရေးကို နိုဝင်ဘာ ၁၈ ရက်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၁၇ ထပ် အဆောက်အအုံ တလုံး၊ ၇ ထပ် အဆောက်အအုံ ၄ လုံး၊ ၁၃ ထပ်အဆောက်အအုံ တလုံးနဲ့ ၆ ထပ် အဆောက်အအုံ ၄ လုံးတို့ကို ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေသူတွေကို တွေ့ရှိရခြင်းမရှိဘဲ star Link ဘန်း ၁ လုံး၊ Router ၁ လုံးနဲ့ ကွန်ပျူတာမျိုးစုံ ၂၀၅ လုံးတို့ကို စိစစ်တွေ့ရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပါဝင်တဲ့ တရုတ်နိုင်ငံသား ၈၁ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၁၃ ယောက်၊ အီသီယိုးပီးယားနိုင်ငံသား ၂ ယောက်၊ အိန္ဒိယနိုင်ငံသား ၂ ယောက်၊ ပါကစ္စတန်နိုင်ငံသား တယောက်နဲ့ တရုတ်(တိုင်ပေ)မှ ၂ ယောက်၊ စုစုပေါင်း ၁၀၁ ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့ ‌စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ရွှေကုက္ကိုနယ်မြေအတွင်း ဖော်ထုတ်ရှင်းလင်းမှုတွေအရ မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၈၄၇ ယောက်နဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနဲ့ လုပ်ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013