DVB Logo
Home
နိုင်ငံတကာ
ဩဇီအစွန်းရောက်အမတ် လွှတ်တော်တွင်း ကိုယ်လုံးပြည့်ခြုံထည် ဝတ်ဆင်ဆန္ဒပြ
DVB
·
November 24, 2025
ဩဇီအစွန်းရောက်အမတ် လွှတ်တော်တွင်း ကိုယ်လုံးပြည့်ခြုံထည် ဝတ်ဆင်ဆန္ဒပြ
Donate to DVB

ဩစတြေးလျ လက်ယာအစွန်းရောက် အထက်လွှတ်တော်အမတ် ပေါ်လင်းဟန်ဆန်ဟာ နိုင်ငံရေးအရ ဆန္ဒပြတဲ့အနေနဲ့ ဘူရ်ခါလို့ခေါ်တဲ့ မျက်နှာတင် ခေါင်းမြီးခြုံရုံမကဘဲ ကိုယ်လုံးပြည့် လွှမ်းခြုံတဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး နိုဝင်ဘာ ၂၄ ရက်က လွှတ်တော်တက်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အဲဒီလို မျက်နှာအပြည့် ဖုံးကွယ်တဲ့ ဝတ်ဆင်မှုတွေ ပိတ်ပင်ရေး ဥပဒေကြမ်း တင်သွင်းဖို့ ကြိုးစားရာမှာ ခွင့်ပြုချက် မရခဲ့တာကြောင့် ဟန်ဆန်က အခုလို ဆန္ဒပြခဲ့တာပါ။

ဟန်ဆန်ဟာ ဝတ်ရုံကိုချွတ်ဖို့ ညွှန်ကြားချက်ကို ငြင်းဆန်ခဲ့တာကြောင့် လွှတ်တော်အစီအစဉ်ကိုပါ ယာယီရပ်နားခဲ့ရပြီး အမတ်တွေကြားမှာ ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

နယူးဆောက်ဝေးစ်ပြည်နယ်က မွတ်စလင်လွှတ်တော်အမတ် မီရင်းဖာရူကီကတော့ “ဒါဟာ လူမျိုးရေးခွဲခြားတဲ့ အမတ်တယောက်က လူမျိုးရေးခွဲခြားမှုကို ပြောင်ပြောင်တင်းတင်း ပြသတာဖြစ်တယ်” လို့ ဝေဖန်ပါတယ်။

အနောက်ဩစတြေးလျက မွတ်စလင်အမတ်တယောက်ဖြစ်တဲ့ ဖာတီမာပေးမန်း ကလည်း ဒီလို စတန့်ထွင်တာဟာ ကျက်သရေကင်းမဲ့တဲ့လုပ်ရပ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

ကွင်းစလန်က အထက်လွှတ်တော်အမတ် ဟန်ဆန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက အာရှက ရွှေ့ပြောင်းအခြေချသူတွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို ဆန့်ကျင်မှုကြောင့် ထင်ရှားသူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း ပိတ်ပင်ရေးလှုံ့ဆော်တဲ့အနေနဲ့ အလားတူဝတ်ဆင်ပြီး လွှတ်တော်တက်ခဲ့ဖူးသလို ဒါဟာ ဒုတိယအကြိမ်မြောက် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ရွှေ့ပြောင်းဆန့်ကျင်ရေး မူဝါဒတွေကြောင့် လူကြိုက်များလာတဲ့ ဟန်ဆန်ရဲ့ One Nation ပါတီဟာ ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့ပြီး လက်ရှိ အထက်လွှတ်တော်မှာ အမတ် ၄ နေရာအထိ ရရှိထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013