DVB Logo
Home
မြန်မာသတင်း
တိုကျိုတွင် မြန်မာ တိုင်းရင်းသားအင်အားစုများ ဖက်ဒရယ်ပွဲတော် ကျင်းပ (ဓာတ်ပုံ)
DVB
·
November 24, 2025
တိုကျိုတွင် မြန်မာ တိုင်းရင်းသားအင်အားစုများ ဖက်ဒရယ်ပွဲတော် ကျင်းပ (ဓာတ်ပုံ)
1 / 15
Donate to DVB

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံက တိုင်းရင်းသားအင်အားစုတွေရဲ့ စတုတ္ထအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်ကို တိုကျိုမြို့၊  တခဒနော့ဘဘမှာရှိတဲ့ တိုယာမပန်းခြံမှာ နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့ပါတယ်။

ဖက်ဒရယ်ပွဲတောာ်ကို ဂျပန်လွှတ်တော်အမတ်အချို့လည်း ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ် ဦးစောဘလှသိန်းက တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

“နိုင်ငံတခုမှာ ဖက်ဒရယ်ဆိုတဲ့ တန်းတူညီမျှရေးဆိုတာ ညှိနှိုင်းဆွေးနွေးပြီး တည်ဆောက်ယူရတဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ ခေတ်အဆက်ဆက် တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြလို့ အခုလက်နက်ကိုင်စွဲ တောင်းဆို တည်ဆောက်နေရချိန် ဂျပန်နိုင်ငံမှာ အခုလို မြန်မာနိုင်ငံသား တိုင်းရင်းသားများ အချင်းချင်း ဆွေးနွေး၊ ပူးပေါင်းကျင်းပ လုပ်ကိုင်ကြတဲ့ ဖက်ဒရယ်ပွဲတော်ဆိုတာ လိုအပ်ပါတယ်။”  

အဆိုပါပွဲတော်ကို ဂျပန်ရောက် ကချင်၊ ကရင်၊ ကရင်နီ၊ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ တောင်ရိုး စတဲ့ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ရိုးရာယဉ်ကျေးမှု အနုပညာတွေနဲ့ ဖျော်ဖြေခဲ့ကြသလို ရိုးရာအစားအသောက် အမှတ်တရပစ္စည်းတွေကိုလည်း ရောင်းချခဲ့ကြပြီး အကျိုးအမြတ်တွေကို ဒေသအသီးသီးမှာ ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းပေးသွားမယ်လို့  ပွဲကို ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

ပွဲတော်ကို ဂျပန်နိုင်ငံပညာရေးဝန်ကြီးဟောင်း မာဆဟရုနာကာဂါဝ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးနေတဲ့ လွှတ်တော်အမတ်များသမဂ္ဂမှ လွှတ်တော်အမတ် မီရှီဟီရိုအီရှီဘရှိ၊ တိုကျိုမြို့က ဒေသအာဏာပိုင်တွေနဲ့ မြန်မာ့နွေဦးတော်လှန်ရေး အားပေးနေတဲ့ ဂျပန်လူမျိုးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013