DVB Logo
Home
အားကစား
မက်ဆီ ခြေစွမ်းပြမှုနှင့်အတူ ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲဆီ အင်တာမိုင်ယာမီအသင်း တက်လှမ်း
DVB
·
November 24, 2025
မက်ဆီ ခြေစွမ်းပြမှုနှင့်အတူ ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲဆီ အင်တာမိုင်ယာမီအသင်း တက်လှမ်း
Donate to DVB

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ အရှေ့ပိုင်းကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ် မှာ မက်ဆီ ခြေစွမ်းပြမှုနဲ့အတူ ပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားပါတယ်။

မိုင်ယာမီဟာ လိဂ်အဆင့် ၂ မှာ ရပ်တည်နေတဲ့ ပြိုင်ဘက် စင်စင်နာတီရဲ့ကွင်းမှာ သွားရောက် ကစားခဲ့ရတာ ဖြစ်ပေမဲ့ မက်ဆီက ဦးဆောင်ဂိုးသွင်းခဲ့သလို နောက်ထပ်အနိုင်ဂိုး ၃ ဂိုးအတွက်လည်း ဂိုး ဖန်တီးပေးခဲ့ပြီး ၄ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

အမေရိကန်ဘောလုံးလိဂ်ပြိုင်ပွဲရဲ့ အရှေ့ပိုင်းကွန်းဖရင့်လိဂ် ဗိုလ်လုပွဲမှာ အင်တာမိုင်ယာမီက နယူးယော့ခ်စီးတီးနဲ့ တွေ့ဆုံနေပါတယ်။

အနောက်ပိုင်းကွန်းဖရင့်လိဂ်မှာတော့ ကနေဒါကလပ် ဗန်ကူးဗားအသင်းက ဗိုလ်လုပွဲ ရောက်နေပြီး ဆန်ဒီယေဂိုနဲ့ မင်နီဆိုတာအသင်းတို့ ပွဲစဉ်ကအနိုင်ရတဲ့အသင်းနဲ့ ကွန်းဖရင့်ဗိုလ်လုပွဲ ကစားရမှာပါ။

အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲတွေမှာ အနိုင်ရတဲ့ ၂ သင်းက မေဂျာလိဂ်ဖလား ဗိုလ်လုပွဲ ထပ်မံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013