DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် စစ်ကောင်စီတပ်က ဒု-တပ်စိပ်မှူး ၁ ဦး လက်နက်ဖြင့်အလင်းဝင်
DVB
·
November 24, 2025
ဖရူဆိုတွင် စစ်ကောင်စီတပ်က ဒု-တပ်စိပ်မှူး ၁ ဦး လက်နက်ဖြင့်အလင်းဝင်
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၃၁ တပ်ရင်းက ဒု-တပ်စိပ်မှူး တယောက် ကရင်နီတပ်ပေါင်းစုဆီမှာ အလင်းဝင်လာတယ်လို့ Karenni Army BA - 5 တာဝန်ရှိသူက နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ အလင်းဝင်ချင်တဲ့ တပ်စိတ်နဲ့ ကင်းပုန်းဝပ်​နေတဲ့ အဖွဲ့တိုးပြီး အချင်းချင်း ပစ်ခတ်ကြရာကနေ လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

KA BA-5 ပြန်ကြားရေးတာဝန်ရှိသူက “ဖရူဆိုကနေ ဘောလခဲကို ထိုးဆင်းတဲ့ စစ်ကြောင်းကနေ သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျနော်တို့ဆီ ထွက်လာတာပါ။ ၇ ရက်နေ့က တပ်စိတ်တစိတ်လုံး ထွက်လာဖို့ လုပ်ကြတယ်။ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့ တိုးပြီး အချင်းချင်း ပစ်ခတ်ကြတော့ သူတယောက်တည်း လွတ်လာတယ် ပြောပါတယ်” လို့ ပြောပါတယ်။

ဒု-တပ်စိပ်မှူးက MA-1 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးကို ယူဆောင်လာခဲ့ပြီး ခုလက်ရှိမှာတော့ သူ့ကို လုံခြုံတဲ့နေရာမှာ ထားထားတယ်လို့ သိရပါတယ်။

နောက်ထပ် အလင်းဝင်ချင်သူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်တယ်လို့ KA BA-5 ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်​ကြောင်းက ဖရူဆို အမှတ် ၁၄ လေ့ကျင့်ရေး သင်တန်းကျောင်းကနေတဆင့် ဘောလခဲဘက်ကို စစ်ကြောင်းထိုးဖို့အတွက် ပြင်ဆင်နေပြီး ခုလက်ရှိမှာ အမှတ် ၁၄ တပ်ကနေ နည်းနည်းကျော်လာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013