DVB Logo
Home
နိုင်ငံတကာ
ကျေးဇူးမသိတတ်ဟု ထရမ့်ပ်ကပြောဆိုခဲ့သဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း ဇလန်းစကီး တုံ့ပြန်
DVB
·
November 24, 2025
ကျေးဇူးမသိတတ်ဟု ထရမ့်ပ်ကပြောဆိုခဲ့သဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း ဇလန်းစကီး တုံ့ပြန်
Donate to DVB

ယူကရိန်းခေါင်းဆောင်ပိုင်းဟာ “လုံးဝကျေးဇူးမသိတတ်ဘူး” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဝေဖန်ခဲ့အပြီးမှာ ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

“ယူကရိန်းခေါင်းဆောင်ပိုင်းဟာ ကျုပ်တို့ရဲ့ အားထုတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း လုံးဝ မဖော်ပြသလို ဥရောပကလည်း ရုရှားဆီက ရေနံဆက်ဝယ်နေပါတယ်” လို့ ထရမ့်ပ်က နိုဝင်ဘာ ၂၃ ရက်မှာ သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ ရေးသားခဲ့တာပါ။

ရုရှားကို အသာစီးရစေတဲ့ ထရမ့်ပ် ချပြထားတဲ့ ငြိမ်းချမ်းရေးမူ ၂၈ ချက်ကိစ္စနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံမှာ  အမေရိကန်၊ ဥရောပနဲ့ ယူကရိန်းကိုယ်စားလှယ်တွေ ဆွေးနွေးနေတဲ့အချိန်မှာ အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဇလန်းစကီးက “Javelin ဒုံးကျည်တွေကစလို့ ပေးအပ်ခဲ့တဲ့ အကူအညီတွေဟာ ယူကရိန်းပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်” လို့ X လူမှုကွန်ရက်မှာ ပြန်လည်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ အမေရိကန်ပြည်သူ တယောက်ချင်းစီတိုင်းနဲ့ အထူးသဖြင့် သမ္မတ ထရမ့်ပ်ကို ယူကရိန်းနိုင်ငံအနေနဲ့ ကျေးဇူးတင်ပါတယ်လို့လည်း ဇလန်းစကီးက ဆိုပါတယ်။

ဥရောပ၊ G7 နဲ့ G20 အဖွဲ့တွေကိုလည်း သူတို့ရဲ့အကူအညီတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ ဒီထောက်ပံ့မှုတွေ ဆက်ရှိနေဖို့ အရေးကြီးကြောင်းလည်း ပြောကြားခဲ့ပါတယ်။

စစ်ပွဲကို အမှန်တကယ် အဆုံးသတ်နိုင်ဖို့နဲ့ နောက်ထပ်စစ်ပွဲတွေ မဖြစ်လာစေဖို့အတွက် ငြိမ်းချမ်းရေးခြေလှမ်းတိုင်းကို ဂရုတစိုက် လုပ်ဆောင်နေတယ်လို့လည်း ဇလန်းစကီးက တုံ့ပြန်ရေးသားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013