DVB Logo
Home
မြန်မာသတင်း
ဝင်ခွင့်ကန့်သတ်လိုက်သဖြင့် ပဲခူး-ရန်ကုန် ပြေးဆွဲနေသည့်ကားအချို့ ယာဥ်စီးခ တိုးတောင်း
DVB
·
November 23, 2025
ဝင်ခွင့်ကန့်သတ်လိုက်သဖြင့် ပဲခူး-ရန်ကုန် ပြေးဆွဲနေသည့်ကားအချို့ ယာဥ်စီးခ တိုးတောင်း
Donate to DVB

ပဲခူးမြို့ထဲကို ခရီးသည်တင်ယာဥ်တွေ ဝင်ခွင့်ပိတ်လိုက်ပြီးနောက် ရန်ကုန်ကနေ ပြေးဆွဲနေတဲ့ မီနီဘတ်စ်ယာဥ်တချို့ ယာဥ်စီးခ တိုးတောင်းနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ မီနီဘတ်စ်ယာဥ်တွေကို ပင်စည်လမ်းဆုံကနေ မြို့ရှောင်လမ်းအတိုင်း သွား​ပြီး ကလိကားဝင်းမှာ ဂိတ်ဆုံးဖို့ နိုဝင်ဘာဒုတိယအပတ်က လမ်းကြောင်း ပြောင်းလဲသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပဲခူးမြို့ထဲဆက်သွားမယ့် ခရီးသည်တွေအနေနဲ့ ပင်စည်လမ်းဆုံမှာ ဆင်းပြီး ​နောက်တဆင့် ပြန်ပြောင်းစီးရတာ၊ မြို့ရှောင်လမ်းအတိုင်း ဆက်လိုက်ပြီး နဂိုသွားနေကျ မြို့တွင်းလမ်းနဲ့ နီးတဲ့နေရာမှာ ဆင်းပြီး ဆိုင်ကယ်ကယ်ရီ၊ အိုးဝေ ဆက်ငှား​သွားနေရတာလို့ ဆိုပါတယ်။

အဲဒီလို လမ်းကြောင်းပြောင်းလိုက်ပြီးနောက်မှာ မီနီဘတ်စ်ယာဥ်တချို့က ရန်ကုန်ကနေ ပဲခူး ပင်စည်လမ်းဆုံအထိ နဂိုသတ်မှတ်ယာဥ်စီးခ ၃,၀၀၀ ယူပြီး ပင်စည်ကနေ မြို့ရှောင်လမ်းအတိုင်း ဆက်လိုက်ရင် နောက်ထပ်ယာဥ်စီးခ ၁,၀၀၀ ကျပ်၊ ၂,၀၀၀ ကျပ် ထပ်ပေးရတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ ခရီးသည်တယောက်က ပြောပါတယ်။

“သူတို့ ဆက်မသွားလည်း ဆိုင်ကယ်ခက အဲဒီလောက် ထပ်ကုန်မှာမို့လို့ ပိုယူတာလို့ ပြောပြီး တောင်းတာ။ နဂိုကမှ  လမ်းကြောင်းပြောင်းလိုက်လို့ သွားလာရ အဆင်မပြေပါဘူးဆိုမှ ကားခပါ အပိုထပ်ကုန်ရတယ်။”

လမ်းကြောင်းပြောင်းလိုက်တဲ့ မြို့ရှောင်လမ်းမှာ ပဲခူးမြို့ထဲနဲ့ အလှမ်းဝေးသလို ဂိတ်အစ၊ ဂိတ်အဆုံး သတ်မှတ်ထားတဲ့ အဝေးပြေးဝင်းအသစ်ကို ဘုရားကြီးမြို့အနားအထိ ရွှေ့လိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ရွှေ့လိုက်တဲ့အတွက် ရန်ကုန်-ပဲခူး သွားလာတဲ့သူတွေတင်မကဘဲ ပဲခူးမြို့ကနေ အဝေးပြေးကားစီးပြီး ခရီးသွားမယ့်သူတွေလည်း အခက်ကြုံနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013