
YBS ယာဉ်စီးခ တိုးမြှင့်ဖို့ ကြေညာထားတာကို ပယ်ဖျက်လိုက်ပြီလို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YTRC) က ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန်လာပါတယ်။
‘YBS ယာဉ်စီးခတိုးမြှင့်ရန် ကြေညာခြင်းအား ပယ်ဖျက်ထားပါကြောင်း ကြေညာအပ်ပါသည်။ လျန်ကျင့်မန်၊ တွဲဖက်အတွင်းရေးမှူး၊ YRTC’ လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြလာတာပါ။
ယာဉ်ပြင်ဆင်ခစရိတ်တွေ ကြီးမြင့်လာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစလို့ ကားခတွေကို ၆၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ ဒီအစောပိုင်းက ပြောဆို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အရင်က ပြေးဆွဲနေတဲ့ အစီးရေ ၄,၀၀၀ လောက်မှာ အခုတော့ ၃,၀၀၀ လောက်ပဲ ပြေးဆွဲနိုင်တော့ပြီး မြို့တွင်းပြေးဆွဲနေတဲ့လိုင်းတွေက အခုကောက်ခံနေတဲ့ ၂၀၀ ကျပ်အစား ၃၀၀ ကျပ်၊ တခြား YBS လိုင်းတွေကတော့ ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ တိုးကောက်သွားဖို့ စီစဉ်ခဲ့တာပါ။
အခုတော့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်ကနေပဲ ထုတ်ပြန်လာသေးတာဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။











