DVB Logo
Home
မြန်မာသတင်း
YBS 111 ဘတ်စ်ကားပေါ်  ၉ လအရွယ်ကလေးငယ် စွန့်ပစ်ခံရ
DVB
·
October 20, 2026
Photo: YBS 111
Photo: YBS 111
Donate to DVB

ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS 111 ဘတ်စ်ကား ပေါ်မှာ အောက်တိုဘာ ၁၉ ရက် နေ့လယ်က အသက် ၉ လအရွယ် ကလေးငယ်တယောက် စွန့်ပစ်ခံရတယ်လို့ ယာဉ်မောင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ YBS 111 ယာဉ်လိုင်းဟာ ဆူးလေမှ ကျီစုသို့ ဒုတိယအခေါက် ပြေးဆွဲပြီးနောက် ဂိတ်ကို ပြန်လည်ရောက်ရှိလာခဲ့ရာ ယာဉ်မောင်းက ယာဉ်အတွင်း သန့်ရှင်းရေးပြုလုပ်စဉ် ယာဉ်နောက်ပိုင်းရှိ နှစ်ယောက်ထိုင်ခုံတန်းပေါ်မှာ ကလေးငယ်တယောက် အိပ်ပျော်နေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်မောင်းက “ကားပေါ်ကို သန့်ရှင်းရေးတက်လုပ်ရင်းနဲ့မှ တွေ့တာ။ ကလေးက အိပ်ပျော်နေတာ။ ကလေးက ၉ လအရွယ်လောက်ပဲ ရှိဦးမယ်။ စွန့်ပစ်ခဲ့တာဖြစ်မယ်။ အခုတော့ ရပ်ကွက်လူကြီးတွေကို အပ်လိုက်ပါပြီ” လို့ ပြောပါတယ်။

ကလေးငယ်ကို တွေ့ရှိပြီးနောက် ယာဉ်မောင်းက ကြီးကြပ်ရေးမှူးထံ သတင်းပို့ခဲ့ပြီး ကုမ္ပဏီရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဒါရိုက်တာထံ ဆက်လက်တင်ပြခဲ့ပြီး ဒါရိုက်တာက အမှတ် ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးရုံးကို သတင်းပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကလေးငယ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ဖို့ စီစဉ်ခဲ့ပြီး ညနေ ၅ နာရီခန့်မှာတော့ ကြီးကြပ်ရေးမှူးက အမှတ် ၁၀၄ ရပ်ကွက် အုပ်ချုပ်ရေးရုံးကို သွားရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013