DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ကို ဖယ်ရှား၊ တရားစွဲရန် ဝါရှင်တန်တွင် ဆန္ဒပြ
DVB
·
November 23, 2025
ထရမ့်ပ်ကို ဖယ်ရှား၊ တရားစွဲရန် ဝါရှင်တန်တွင် ဆန္ဒပြ
Donate to DVB

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ကို ရာထူးကနေ ဖယ်ရှား တရားစွဲ၊ အပြစ်ပေးဖို့ လိုအပ်တယ်လို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီမှာ နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ 

အစိုးရအဖွဲ့ကို ဖယ်ရှားရမယ်ဆိုတဲ့ ကြေညာချက်နဲ့ ဒီဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး အခြေခံလူတန်းစားအဖွဲ့ ဖယ်ရှားရေး ညွန့်ပေါင်းအဖွဲ့က ဦးဆောင်ပြုလုပ်တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ အမေရိကန်လွှတ်တော်ကိုယ်စားလှယ် အယ်ဂရင်းက လူထုကို စကားပြောခဲ့သလို ဒရော့ကစ်မာဖီ တေးဂီတအဖွဲ့ကလည်း ပါဝင်ခဲ့ကာ အဆိုတော် Earth to Eve လည်း ပါဝင်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ National Mall အထိ ချီတက်ခဲ့ကြပါတယ်။ 

အမေရိကန်လွှတ်တော်ကိုယ်စားလှယ် အယ်ဂရင်းကတော့ တရားစွဲမယ့် အကြောင်းအရာတွေကို ခရစ္စမတ်မတိုင်မီ ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ 

“ကောင်းတာတွေ မဖြစ်ဘဲ ဆိုးတာတွေ ဖြစ်လာပါတယ်။ ကျနော်တို့ အပြစ်ပေးရပါမယ်။ ကျနော်တို့ တရားစွဲရပါမယ်။ ကျနော်တို့ ထရမ့်ပ်ကို ဖယ်ရှားရပါမယ်။ ဒါက အနာဂတ်မှာ အာဏာရှိလာတဲ့သူတွေက အစိုးရကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေကို အပြစ်ပေးတဲ့ ဥပမာတခု ဖြစ်လာအောင်ပါ” လို့ အယ်ဂရင်းက ပြောပါတယ်။ 

ဒီမိုကရက်အောက်လွှတ်တော်အမတ် အယ်ဂရင်းဟာ ထရမ့်ပ် လွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောချိန် အကူအညီပေးရေးတွေကို ဖြတ်တောက်ဖို့ လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီး အော်ဟစ်ဝေဖန်ခဲ့ဖူးလို့ လွှတ်တော်ထဲက ဖယ်ရှားခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013