DVB Logo
Home
နိုင်ငံတကာ
AIDS၊ တီဘီနှင့်ငှက်ဖျား တိုက်ဖျက်ရေးအတွက် Global Fund က ကန်ဒေါ်လာ ၁၁ ဘီလီယံ ရန်ပုံငွေ ရရှိ
DVB
·
November 23, 2025
AIDS၊ တီဘီနှင့်ငှက်ဖျား တိုက်ဖျက်ရေးအတွက် Global Fund က ကန်ဒေါ်လာ ၁၁ ဘီလီယံ ရန်ပုံငွေ ရရှိ
Donate to DVB

AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ် Global Fund ဟာ နိုဝင်ဘာ ၂၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ကျင်းပတဲ့ပွဲတခုမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၄ ဘီလီယံ ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၇-၂၀၂၉ ခုနှစ်အတွက် သူ့လုပ်ငန်းရည်မှန်းချက်ထက် လျော့တဲ့ ရန်ပုံငွေကို ရခဲ့တာပါ။ 

ဂျီနီဗာအခြေစိုက် Global Fund အဖွဲ့ဟာ သမ္မတဒေါ်နယ်ထရမ့်ပ်လက်ထက် အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီ အပြောင်းအလဲနောက်ပိုင်းမှာ အလှူရှင်ကြီးတွေ အများကြီး ကျောခိုင်းသွားတာပါ။

အဲဒီလို စိန်ခေါ်မှုများတဲ့ အခြေအနေမှာ Global Fund ဟာ သူ့လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ရန်ပုံငွေရှာဖို့ ကြိုးစားနေပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ Global Fund ဟာ ၂၀၂၆ ခုနှစ်မှာ လုပ်ငန်းလည်ပတ်စရိတ်တွေကို ၂၀ ရာခိုင်နှုန်း လျှော့ချဖို့ စီစဉ်နေတယ်လို့ အမှုဆောင်အရာရှိ ပီတာစန်းစ်က ထပ်ပြောခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုဟာ အရင်က Global fund အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ကတိပြုခဲ့တာပါ။ 

အမေရိကန်နိုင်ငံဟာ Global Fund အတွက် အကြီးဆုံးအလှူရှင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်က ရန်ပုံငွေရှာဖွေရေးပွဲကို လက်ခံကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရသစ်လက်ထက်မှာ ဒီပမာဏကို မပေးရသေးပါဘူး။ 

လက်ရှိ လိုငွေပြမှုကြောင့် ၂၀၂၆ ခုနှစ်ကုန်အထိ လုပ်ငန်းတွေအတွက် လက်ရှိ ထောက်ပံ့ငွေတွေကို လျှော့ချမယ်လို့ Global Fund က နိုင်ငံတွေကို သတိပေးထားပြီးသားပါ။ 

၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ချိန်ကစပြီး Global Fund ဟာ ပိုးသတ်ဆေးစိမ်ထားတဲ့  ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ခြင်ထောင်တွေ၊ HIV အတွက် ဗိုင်းရပ်စ် ပိုးသတ်ဆေးကုထုံးနဲ့ တီဘီရောဂါကုသမှုတွေလို အသက်ကယ်ပစ္စည်းတွေကို ဖြန့်ဝေဖို့ အစိုးရတွေနဲ့အတူ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ရဖို့လည်း ရည်ရွယ်ခဲ့ပြီး နောက်ဆုံးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံ ရခဲ့တာပါ။ ကတိပြုပွဲမှာတော့ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013