DVB Logo
Home
အားကစား
နော်တင်ဟမ်ကို ဂိုးပြတ်ရှုံးပြီးနောက် လီဗာပူးအသင်း အကျပ်အတည်း ပိုမိုနက်ရှိုင်းလာ
DVB
·
November 23, 2025
နော်တင်ဟမ်ကို ဂိုးပြတ်ရှုံးပြီးနောက် လီဗာပူးအသင်း အကျပ်အတည်း ပိုမိုနက်ရှိုင်းလာ
Donate to DVB

နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူး အသင်းဟာ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ အာနဲစလော့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနေ့ညက အိမ်ကွင်းအန်ဖီးလ်မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ  လီဗာပူးလ်အသင်းဟာ  နော်တင်ဟမ်ဖောရက်စ်အသင်းကို  အရှက်တကွဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းအတွက်တော့ ဒီရလဒ်က နည်းပြ စလော့နဲ့ အသင်းအတွက် အကျပ်အတည်းအဖြစ် ရောက်ရှိသွားပြီး ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

နည်းပြစလော့ကတော့ အသင်းရဲ့ ခြေစွမ်းကျဆင်းမှုအတွက် သူ့မှာ တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး “အခြေအနေတွေ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါဟာ ကျနော့်ရဲ့ တာဝန်ပါပဲ” လို့ ဆိုပါတယ်။

အသင်းဟာ ကစားသမားသစ်တွေအတွက် ပေါင် ၄၅၀ သန်း သုံးစွဲခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာ တိုးတက်မှုမရှိဘဲ နောက်ပြန်ဆုတ်ယုတ်နေတယ်လို့ အာဆင်နယ်နောက်ခံလူဟောင်း မာတင် ကီယွန်က BBC Sport ကို ပြောပါတယ်။

ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အလက်ဇန္ဒား အီဆက်ခ်ဟာလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ဒီပွဲမှာလည်း ထိရောက်မှုမရှိခဲ့ပါဘူး။

လီဗာပူးအသင်းရဲ့ ချန်ပီယံဆု ကာကွယ်ရေးမျှော်လင့်ချက်တွေဟာ လုံးဝပျောက်ဆုံးသွားပြီဖြစ်ပြီး အခုအခါမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက်သာ တိုက်ပွဲဝင်ရမယ့် အခြေအနေကို ရောက်ရှိနေပြီလို့ BBC News က ဖော်ပြပါတယ်။

လက်ရှိမှာ လီဗာပူးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ဦးဆောင်သူ အာဆင်နယ်အသင်းနဲ့ ၆ မှတ်အထိ ကွာဟနေပါတယ်။ 

လီဗာပူးလ်ဟာ ၁၉၆၅ ခုနှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲစဉ်တွေမှာ ၃ ဂိုးနဲ့အထက် ဂိုးပြတ်ရှုံးပွဲ ၂ ပွဲဆက်တိုက် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013