DVB Logo
Home
နိုင်ငံတကာ
နိုင်ငံသမိုင်းတလျှောက် အခက်အခဲဆုံးအချိန်ဖြင့် ရင်ဆိုင်နေရဟု ဇလန်းစကီး ပြော
DVB
·
November 22, 2025
နိုင်ငံသမိုင်းတလျှောက် အခက်အခဲဆုံးအချိန်ဖြင့် ရင်ဆိုင်နေရဟု ဇလန်းစကီး ပြော
Donate to DVB

အိမ်ဖြူတော်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်အရ အမေရိကန်ရဲ့ ထောက်ပံ့မှု ဆုံးရှုံးမဲ့အန္တရာယ်ရှိတယ်လို့   ယူကရိန်းကို သမ္မတဇလန်းစကီးက သတိပေးခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၁ ရက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ယူကရိန်းဟာ အရမ်းခက်ခဲတဲ့ ရွေးချယ်မှုနဲ့ ရင်ဆိုင်နေရကြောင်း ဇလန်းစကီးက ပြောခဲ့တာပါ။ 

ဂုဏ်သိက္ခာ ဆုံးရှုံးမှု ဒါမှမဟုတ် အဓိက ‌မိတ်ဖက်ကို ဆုံးရှုံးမှုဆိုတဲ့ ခက်ခဲတဲ့ ရွေးချယ်မှုအဖြစ် ၁ ခုခုကို ရွေးရမှာဖြစ်ပြီး ဒီနေ့ဟာ နိုင်ငံရဲ့ သမိုင်းတလျှောက် အခက်အခဲဆုံးအချိန်ကို ရောက်နေပြီလို့ ဇလန်းစကီးက ပြောပါတယ်။ 

၁၀ မိနစ်ကြာ မိန့်ခွန်းမှာ ဖိအားတွေက ကျနော်တို့ကို အားနည်းစေကြောင်းနဲ့ ခွဲခြားမှုတွေဖြစ်ကြောင်း၊ ရန်သူက အိပ်နေမှာမဟုတ်ကြောင်း ဇလန်းစကီးက ထပ်မံပြောဆိုခဲ့ပါတယ်။ 

အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ထဲမှာ ယူကရိန်းဟာ လက်ရှိထိန်းချုပ်ထားတဲ့ အရှေ့ပိုင်းကို ပေးရတာ၊ လက်နက်အင်အားလျှော့ချတာနဲ့ နေတိုးအဖွဲ့ကို မဝင်ဖို့ ကတိပြုရတာ မျိုးတွေ ပါဝင်ပါတယ်။ 

ဒီဖော်ပြချက်ဟာ ရုရှားနိုင်ငံကို အသားပေးတဲ့ ဖော်ပြချက်မျိုးဖြစ်ပြီး ရုရှားသမ္မတပူတင်ကတော့ ဒီအစီအစဉ်က ငြိမ်းချမ်းရေးအတွက် အခြေခံကျတယ်လို့ ပြောထားပါတယ်။ 

အချက် ၂၈ ချက်ပါတဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ပတ်သက်ပြီး ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံတွေက တောင်အာဖရိကမှာ ကျင်းပတဲ့ G20 အစည်းအဝေးပွဲမှာ အာသာချက်တွေကို ရှာဖွေမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။ 

ဇလန်းစကီးဟာ နိုဝင်ဘာ ၂၁ ရက်က ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီခေါင်းဆောင်တွေနဲ့ ဖုန်းပြောခဲ့ပါတယ်။ G20 အစည်းအဝေးပွဲကို ထရမ့်ပ်နဲ့ ပူတင်တို့ တက်ရောက်တာမျိုး မရှိဘူးလို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013