DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား ခွဲထွက်ရေးခေါင်းဆောင် ထောင်ဒဏ်တသက် ချမှတ်ခံရ
DVB
·
November 22, 2025
နိုင်ဂျီးရီးယား ခွဲထွက်ရေးခေါင်းဆောင် ထောင်ဒဏ်တသက် ချမှတ်ခံရ
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေတဲ့ ဆယ်စုနှစ်ကြာ ရုံးတင်စစ်ဆေးမှုရဲ့ အဆုံးသတ်အနေနဲ့ နိုင်ဂျီးရီးယားရဲ့ အဘူဂျာတရားရုံးဟာ နိုဝင်ဘာ ၂၀ ရက်က ခွဲထွက်ရေးခေါင်းဆောင် နံမ်ဒီကာနုကို အကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ စွဲချက် ၇ ခုစလုံးနဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

ကာနုဟာ စွဲချက် ၂ ခုအတွက် စုစုပေါင်း ၂၅ နှစ် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ဒဏ်ငွေ ရွေးချယ်ခွင့်မရှိဘဲ အဲဒီစွဲချက်အားလုံး တပြိုင်နက်တည်း ကျခံရမှာဖြစ်ပါတယ်။

အယူခံဝင်ဖို့ ရက်ပေါင်း ၉၀ အချိန်ရပါတယ်။ ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှုတွေအကြား အဘူဂျာတရားရုံးတဝိုက်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

၁၉၆၇ ခုနှစ်က ဘီယားဖရာ သမ္မတနိုင်ငံအဖြစ် ခွဲထွက်ဖို့ ကြိုးပမ်းခဲ့တဲ့ အစ်ဂ်ဘို လူမျိုးစု ကြီးစိုးရာ လွတ်လပ်တဲ့ ဘီယားဖရာ ပြည်နယ်အတွက် သူ့ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဒီအကြမ်းဖက်မှုကြောင့် ၃ နှစ်ကြာ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပြီး လူ ၁ သန်းကျော် သေဆုံးခဲ့တာပါ။

တရားဝင်အဖွဲ့အစည်းအဖြစ် လက်ခံမထားတဲ့ ဘီယားဖရာ ဌာနေတိုင်းရင်းသားများ (IPOB) အဖွဲ့ဆီကို ကာနုရဲ့ အသံလွှင့်ချက်တွေနဲ့ အမိန့်တွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံသားတွေအပေါ် အသက်အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုတွေကို လှုံ့ဆော်ပေးခဲ့တယ် ဆိုတဲ့အချက်ကို အစိုးရရှေ့နေတွေက သက်သေပြခဲ့တယ်လို့ တရားသူကြီး ဂျိမ်းစ် အိုမိုတိုရှိုက ပြောကြားခဲ့ပါတယ်။

တရားသူကြီး အိုမိုတိုရှိုက တရားလိုရှေ့နေတွေရဲ့ သေဒဏ်ပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီး ကာနုမှာ မောက်မာမှုနဲ့ နောင်တကင်းမဲ့မှုတွေ ရှိနေပေမဲ့လည်း “တရားမျှတမှုကို ကရုဏာနဲ့ ထိန်းညှိရမယ်” လို့ ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013