DVB Logo
Home
အားကစား
မန်စီးတီးကွင်းလယ်လူဟောင်း ဖာနန်ဒင်ဟို ကစားသမားဘ၀က အနားယူ
DVB
·
November 21, 2025
မန်စီးတီးကွင်းလယ်လူဟောင်း ဖာနန်ဒင်ဟို ကစားသမားဘ၀က အနားယူ
Donate to DVB

မန်စီးတီးကွင်းလယ်လူဟောင်း ဖာနန်ဒင်ဟိုဟာ အသက် ၄၀ အရွယ်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားပါတယ်။ 

ဘရာဇီးကစားသမားဟာ သူ့ရဲ့ ကစားသမားဘဝစတင်ရာ အက်သလက်တီကို ပါရာနိစ်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူကြောင်းကြေညာခဲ့တာပါ။

သူဟာ  ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ယူကရိန်းကလပ် ရှက်တာဒိုးညက်ခ်မှာ စတင်ခဲ့ပြီး  ၂၀၁၃ ခုနှစ်မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားခဲ့ပါတယ်။

အဲဒီနောက် စီးတီးမှာ  ၉ နှစ်ကြာတဲ့အထိ ကစားခဲ့ပြီး အသင်းအတွက် ပဉ္စမမြောက်ပွဲအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူပါ။

ပရီးမီးယားလိဂ်ဆုဖလား ၅ ကြိမ်ရယူနိုင်ခဲ့သလို  လိဂ်ဖလားလည်း ၆ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဘောလုံးမှာ မိမိကိုစိတ်လှုံ့ဆော်မှုပေးနိုင်တဲ့အရာတွေ မရှိတော့ဘဲ ကစားသမားဘဝက အရာအားလုံးကို ပျော်ရွှင်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာတော့ မိသားစုနဲ့အတူ အချိန်ပေးသွားတော့မှာ ဖြစ်ကြောင်း ဖာနန်ဒင်ဟိုက ပြောသွားပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013