DVB Logo
Home
နိုင်ငံတကာ
3I/ATLAS သည် ဂြိုဟ်သားယာဉ် မဟုတ်ဘဲ ကြယ်တံခွန်သာ ဖြစ်ဟု နာဆာ  အတည်ပြု
DVB
·
November 20, 2025
3I/ATLAS သည် ဂြိုဟ်သားယာဉ် မဟုတ်ဘဲ ကြယ်တံခွန်သာ ဖြစ်ဟု နာဆာ  အတည်ပြု
Donate to DVB

3I/ATLAS  (သရီးအိုင်း အက်တလက်စ်) လို့ အမည်ပေးထားတဲ့ အာကာသထဲက အရာဝတ္ထုဟာ ကောလာဟလ ထွက်နေသလို ဂြိုဟ်သားယာဉ်မဟုတ်ဘဲ နေအဖွဲ့အစည်းထက် သက်တမ်းရင့်တဲ့ ကြယ်တံခွန် (Comet) တခုသာ ဖြစ်တယ်လို့ နာဆာ (NASA) က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပုံရိပ်သစ်တွေနဲ့အတူ အတည်ပြုလိုက်ပါတယ်။ 

ဒီကြယ်တံခွန်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ချီလီနိုင်ငံမှာရှိတဲ့ ATLAS တယ်လီစကုပ်ကနေ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

သူ့ရဲ့ ပျံသန်းမှုလမ်းကြောင်းနဲ့ ဖွဲ့စည်းပုံဟာ ပုံမှန်မဟုတ်ဘဲ ထူးခြားနေတာကြောင့် ဒါဟာ ဂြိုဟ်သားတွေရဲ့ နည်းပညာလက်ရာ ဖြစ်နိုင်တယ်ဆိုပြီး ထင်ကြေးပေးမှုတွေ ရှိခဲ့တာပါ။ 

ဒါပေမဲ့ နာဆာတာဝန်ရှိသူတွေကတော့ ဒါဟာ ဂြိုဟ်သားနည်းပညာ (Technosignatures) ဆိုတဲ့ သက်သေမတွေ့ရဘဲ သာမန်ကြယ်တံခွန်တွေလိုပဲ ပြုမူလှုပ်ရှားနေတာကို တွေ့ရတယ်လို့ ရှင်းလင်းထားပါတယ်။ 

အခုထုတ်ပြန်လိုက်တဲ့ ပုံရိပ်တွေအရ ကြယ်တံခွန်တွေမှာ တွေ့ရလေ့ရှိတဲ့ ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တွေပါဝင်တဲ့ အမြီးတန်းကိုလည်း တွေ့မြင်ရတယ်လို့ ဆိုပါတယ်။ 

သိပ္ပံပညာရှင်တွေကတော့ ဒီကြယ်တံခွန်ဟာ နှစ်ပေါင်း ၄.၅ ဘီလီယံ သက်တမ်းရှိတဲ့ မိမိတို့ နေအဖွဲ့အစည်းထက် ပိုမိုရှေးကျတဲ့ နေရာကနေ ရောက်လာတာလို့ ယူဆထားကြပါတယ်။ 

လက်ရှိမှာတော့ 3I/ATLAS ဟာ နေအဖွဲ့အစည်း အပြင်ဘက်ကို ဦးတည်ထွက်ခွာနေပြီး ကမ္ဘာမြေကို အန္တရာယ်ပြုနိုင်မယ့် အခြေအနေမရှိဘူးလို့လည်း သိရပါတယ်။ 

ဒါဟာ 1I/’Oumuamua (ဝမ်းအိုင်း အိုမူအာမူအာ) နဲ့ 2I/Borisov (တူးအိုင်း ဘောရီဆော့ဗ်) တို့ပြီးရင် သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ တတိယမြောက် ကြယ်တခုနဲ့တခုကြား သွားလာနေတဲ့ အာကာသဝတ္ထု (Interstellar) လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013