DVB Logo
Home
နိုင်ငံတကာ
NASA ၏ Artemis II လကမ္ဘာပတ် မစ်ရှင်အတွင်း အိမ်သာပြဿနာနှင့် ရင်ဆိုင်နေရ
DVB
·
April 6, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၁၀ ရက်ကြာ လကမ္ဘာပတ်မဲ့ NASA ရဲ့ သမိုင်းဝင် Artemis II မစ်ရှင်ဟာ ၆ ရက်မြောက်နေ့ ရောက်လာချိန်မှာပဲ အိမ်သာပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ဧပြီ ၁ ရက်က ကမ္ဘာမြေကို စွန့်ခွာလာခဲ့ပြီး​နောက် Orion အာကာသယာဉ်ပေါ် လိုက်ပါလာတဲ့ ယာဉ်မှူး ၄ ယောက်ဟာ ရေအိမ်သာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာရတာပါ။

မကြာသေးတဲ့ ဧပြီ ၄ ရက်နေ့မှာဆိုရင် အညစ်အကြေးစွန့်တဲ့ ပိုက်လိုင်း အေးခဲသွားတဲ့အလျောက် အိမ်သာထဲကနေ အာကာသထဲကို စွန့်ပစ်မရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် အပေါ့သွားတဲ့အခါ အာကာသယာဉ်မှူးတွေက ခေါက်သိမ်းထားလို့ရတဲ့ ပလတ်စတစ်ဘူးလိုမျိုး တခြားနည်းလမ်းကို အစားထိုး သုံးစွဲလျက်ရှိပါတယ်။

အဲဒီနောက် NASA ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ရေဆိုးထုတ်ပိုက် ပိတ်ဆို့နေတာကြောင့် ဖြစ်တယ်ဆိုပြီး အတည်ပြုပါတယ်။

အခုလိုမျိုး ပိတ်နေတဲ့ အညစ်အကြေးတွေ ရှင်းသွားအောင် နေရှိရာဘက်ဆီ ပိုက်လိုင်းကိုလှည့်ဖို့ ချိန်ညှိခဲ့ရတဲ့အပြင် အပူပေးစက်တွေပါ အာကာသယာဉ်မှူးတွေက အသုံးပြုနေရကြောင်း ဖော်ပြထားပါတယ်။

ဒီယာဉ်မှူး ၄ ယောက်ထဲမှာ NASA ရဲ့  ရိဒ် ဝိုက်စ်မန်း (Reid Wiseman)၊ ဗစ်တာ ဂလက်ဗာ (Victor Glover)၊ ခရစ္စတီးနား ကွတ်ခ် (Christina Koch) နဲ့ ကနေဒါ အာကာသအေဂျင်စီ ကိုယ်စားပြု ဂျရယ်မီ ဟန်ဆန် (Jeremy Hansen) တို့ ပါဝင်ပါတယ်။

လက်ရှိ Artemis II ဟာ လကမ္ဘာရဲ့  အမှောင်ဘက်ခြမ်းဆီ သွားမဲ့ ပတ်လမ်းကြောင်းပေါ်  ရောက်နေပြီး အဲဒီကနေ ကမ္ဘာမြေကို ပြန်လာမှာ ဖြစ်ပါတယ်။

အဲဒီမစ်ရှင်အတွင်း Orion အာကာသယာဉ်အပေါ် ဘယ်လိုမျိုးကိုယ်တိုင် (Manually) ထိန်းချုပ်မောင်းနှင်ရမလဲ ဆိုတာကိုပါ ယာဉ်မှူးတွေက စမ်းသပ်သွားမှာပါ။

အခုတခေါက် လပေါ်ဆင်းသက်ဦးမှာ မဟုတ်ပေမဲ့လည်း အနာဂတ် မစ်ရှင်တွေအတွက် ကမ္ဘာ့ပတ်လမ်းထဲမှာ Orion ရဲ့ ထိန်းချုပ်နိုင်စွမ်းအပေါ် ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ပတ်လမ်းကနေ ထွက်ခွာမှုဖြစ်သလို လပေါ်ကို လူသားတွေ နောက်တကြိမ် ဆင်းသက်နိုင်ဖို့ရာ ရည်ရွယ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013