
လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းနားက ချိုင့်ကြီးတွေမှာ နေရောင်ခြည် အလျားလိုက် အတန်းလိုက်နီးပါး အမြဲတမ်း အရိပ်ကျနေတဲ့ ဒေသတွေ ရှိနေတယ်လို့ တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေပြည်နယ်၊ ဟော့ဖေးမြို့ရှိ အာကာသ လက်တွေ့စမ်းသပ်ခန်းရဲ့ ဂြိုဟ်သိပ္ပံသုတေသနဌာနက သုတေသီ ဝေကွမ်းဖေးက ပြောပါတယ်။
အဲဒီနေရာမှာ အပူချိန်က အနုတ် ၂၅၀ ဒီဂရီစင်တီဂရိတ် အောက်ကို ကျဆင်းသွားလို့ ဥက္ကာခဲတွေ တိုက်မိတာနဲ့ မီးတောင်ပေါက်ကွဲမှုတွေကနေ သယ်လာတဲ့ရေကို အဲဒီနေရာမှာ အကြာကြီး ထိန်းသိမ်းထားနိုင်တယ်လို့ သူက ပြောပါတယ်။
ဒီရေခဲတွေဟာ နေအဖွဲ့အစည်းနဲ့ လရဲ့ အတွင်းပိုင်းမှာ ဘီလီယံနဲ့ချီတဲ့ နှစ်တွေကတည်းက တည်ရှိခဲ့တဲ့ ပစ္စည်းတွေရဲ့ မှတ်တမ်းတွေကို သိမ်းဆည်းထားပါတယ်။
ဒါကြောင့် နေအဖွဲ့အစည်းရဲ့ အစောပိုင်း သမိုင်းနဲ့ လရဲ့ဆင့်ကဲဖြစ်စဉ်ကို လေ့လာဖို့ သိသာထင်ရှားတဲ့ သိပ္ပံပညာတန်ဖိုးကို ပေးဆောင်ထားပါတယ်။
ဒါ့အပြင်၊ ရေခဲကိုထုတ်ယူပြီး လျှပ်စစ်ဓာတ်အားသုံး ပြိုကွဲစေခြင်းအားဖြင့် ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို ထုတ်ယူပြီး ပိုနက်ရှိုင်းတဲ့ အာကာသစူးစမ်းလေ့လာမှုကို ပံ့ပိုးပေးတဲ့ လွှဲပြောင်းစခန်းအတွက် လောင်စာအဖြစ် သုံးနိုင်တဲ့အတွက် လွှတ်တင်မှုကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။
Source: Reuters










