DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး
DVB
·
November 20, 2025
နိုင်ဂျီးရီးယားတွင် ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့ လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး သင်းအုပ်ဆရာနဲ့ ဝတ်ပြုသူတချို့ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ရဲတွေနဲ့ မျက်မြင်သက်သေတွေက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

မိန်းကလေး ၂၅ ယောက် ဘော်ဒါကျောင်းကနေ ပြန်ပေးဆွဲခံရပြီး ရက်အနည်းငယ်အကြာမှာ ခုလို ထပ်ဖြစ်ခဲ့တာပါ။

နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက နိုင်ဂျီးရီးယားအလယ်ပိုင်း အရူခူမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အစိုးရအပေါ် ဖိအားတွေ ပိုမြင့်တက်လာစေခဲ့တာပါ။

ခရစ်ယာန်တွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပတ်သက်ပြီး စစ်ရေးအရ အရေးယူမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ရင်း နိုင်ဂျီးရီးယားနိုင်ငံကို စောင့်ကြည့်နေပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ အရှေ့မြောက်ပိုင်းမှာ အစ္စလာမ္မစ်သူပုန်ထမှု၊ အနောက်မြောက်ပိုင်းမှာ အဓိကအားဖြင့် လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ပြန်ပေးဆွဲမှုတွေနဲ့ သတ်ဖြတ်မှုတွေ၊ မွတ်စလင် နွားကျောင်းသား အများစုနဲ့ အလယ်ပိုင်းဒေသက ခရစ်ယာန်လယ်သမားတွေအကြား ပြင်းထန်တဲ့ ပဋိပက္ခတွေကို ရင်ဆိုင်နေရပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုဖြစ်တဲ့ အင်္ဂါနေ့ ညနေ ၆ နာရီလောက်မှာ ရဲတွေက သေနတ်ပစ်ခတ်မှုကို တုံ့ပြန်ခဲ့ပါတယ်။

လူတယောက် ဘုရားကျောင်းအတွင်း ပစ်သတ်ခံရပြီး နောက်တယောက်ကို အနားက ချုံပုတ်တခုထဲမှာ တွေ့ခဲ့တယ်လို့ ဒေသခံ ခွယ်ရာပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

မျက်မြင်သက်သေတွေကတော့ ဘုရားကျောင်းအဖွဲ့ဝင် ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013