DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင်ပါဝင်မှု KNU နှင့် KNPP ယာယီရပ်ဆိုင်း
DVB
·
November 19, 2025
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင်ပါဝင်မှု KNU နှင့် KNPP ယာယီရပ်ဆိုင်း
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့အဝင်အဖြစ် ပါဝင်မှုကနေ ယာယီ ရပ်ဆိုင်းကြောင်း နိုဝင်ဘာ တတိယအပတ်မှာ စာပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ NUCC ဘက်က အကြောင်းပြန်တာ မရှိသေးသလို KNPP အနေနဲ့လည်း အပြီးတိုင် နုတ်ထွက်တာမျိုး မဟုတ်ဘူးလို့ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က DVB ကို ပြောပါတယ်။

အဖွဲ့ဝင်အဖြစ် ဆက်ရှိ၊ မရှိကတော့ တော်လှန်ရေးအင်အားစုတွေကြားထဲက ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ အများကြီးမူတည်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းထားတယ်လို့ အဲလိုပဲ ကျနော်တို့ ပြောပါတယ်။ ဒါကတော့ ကျနော်တို့ကြားထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နည်းနည်းပေါ့နော် အဓိပ္ပာယ် ဖော်ဆောင်တာတွေ၊ လုပ်နည်းလုပ်ဟန်လေးတွေ နည်းနည်းကွဲပြားတဲ့အပေါ်မှာ ကျနော်တို့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှု လိုချင်လို့ပဲ ဖြစ်ပါတယ်။ တခြားအကြောင်းအရာတော့ ဘာမှမရှိပါဘူး၊ ကျနော်တို့ဘက်တော့နော်။”

NUCC ကနေ ယာယီနုတ်ထွက်ရတာက Bottom-Up ဖက်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ ပတ်သက်နေတယ်လို့ KNPP ဘက်က ပြောထားသလို NUCC ရဲ့ လုပ်ဆောင်မှုတွေဟာ မြေပြင်နဲ့ ကင်းကွာမှုတွေ ရှိနေတယ်လို့ KNU ဘက်ကလည်း ဝေဖန်ထားပါတယ်။

တဖက်မှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ NUCC ဘက်ကနေ ပြန်ပြီး ညှိနှိုင်းဖို့အတွက် စကားပြောနေတာ ရှိတယ်လို့ NUCC ကောင်စီဝင် ကိုနောင်ချိုက ပြောပါတယ်။

“အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အခြေခံဥပဒေရေးဆွဲရေးရော ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေးရောပေါ့နော်။ တဖက်ကလည်း နိုင်ငံရေးအရ ညှိနှိုင်းရတာ၊ ပြောဆိုရတာတွေ၊ သဘောထား မတူညီတာတွေကို ပြန်ပြီးတော့ ပြေလည်အောင် လုပ်ရတာတွေလည်း ရှိသလို တဖက်မှာလည်း သွားနေတဲ့ ပရောဆက်တွေက ဆက်သွားကြမှာပဲ၊ အဲဒီသဘောထားမျိုးလည်း ကျနော် ထင်တယ်၊ KNPP တို့ KNU တို့မှာလည်း ရှိတယ်လို့ထင်တယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ KNU ပြောခွင့်ရသူတွေဆီ DVB က စာပေးပို့ မေးမြန်းပေမဲ့ လတ်တလော မှတ်ချက်မပေးလိုသေးကြောင်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ဖက်ဒရယ်ယူနစ်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ၂၀၂၁ ခုနှစ်၊ မတ်လမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

KNPP နဲ့ KNU တို့သာ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းခဲ့မယ်ဆိုရင် ERO တွေထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တဖွဲ့သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ NUCC ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT) တို့ကလည်း ၂၀၂၂ ခုနှစ်တုန်းက နုတ်ထွက်ထားခဲ့ကြပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013