DVB Logo
Home
မြန်မာသတင်း
NUG နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး 
DVB
·
November 19, 2025
NUG နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး ဆွေးနွေး 
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဒီမိုကရေစီရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဟာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းနဲ့ နိုဝင်ဘာ ၁၇ ရက်မှာ ကင်ဘာရာမြို့က ပါလီမန်လွှတ်တော် အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြတာပါ။

အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က NUG ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းပြမြေပုံနဲ့အတူ စစ်အုပ်ချုပ်ရေးကို အခိုင်အမာဖြစ်စေမယ့် ဘယ်လိုလုပ်ငန်းစဉ်ကိုမဆို ပယ်ချဖို့ အရေးကြီးကြောင်းလည်း ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေါ်ဇင်မာအောင်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်း တို့ဟာ ပြီးခဲ့တဲ့နှစ်၊ ဇွန် ၄ ရက်မှာလည်း တွေ့ဆုံခဲ့ဖူးပြီး မြန်မာပြည်သူတွေအတွက် ဩစတြေးနိုင်ငံအနေနဲ့ ကူညီပံ့ပိုးပေးမယ့် လမ်းကြောင်းတွေကို  ဆွေးနွေးရှာဖွေခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ခုလတ်တလော NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ကင်ဘာရာခရီးစဉ်နဲ့ ပတ်သက်လို့ ဩစတြေးလျ အစိုးရက သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013