DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
November 18, 2025
တနင်္သာရီတွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းက တပ်သားတယောက်ဟာ လက်နက် ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးလာတဲ့ တပ်သားဟာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က အသက် ၂၈ နှစ်အရွယ် လူငယ်တယောက်ဖြစ်ပြီး စစ်မှုထမ်း အဓမ္မစုဆောင်းခံရကာ ရှမ်းပြည်နယ်ရှိ စစ်သင်တန်းကျောင်းမှာ ၂ လခွဲ တက်ရောက်ခဲ့ရပြီး တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် စကခ ၁၃ မှာ မွမ်းမံသင်တန်း ၂ ပတ်တာ တက်ခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီနောက် မြိတ်ခလရ ၁ဝ၃ တပ်ကို ပို့ဆောင်ခံရပြီး ၂ ရက်တာ နေခဲ့ရပြီးနောက် အဲဒီကတဆင့် တနင်္သာရီမြို့နယ် ခမရ ၅၅၇ တပ်မှာ တာဝန်ထမ်းဆောင်ရပြီး တမုတ်ချုံးရွာအနီး ကင်းလှည့်လှုပ်ရှားနေစဉ် အောက်တိုဘာ ‌၁ ရက်က ထွက်ပြေးလာခဲ့တာလို့‌ တနင်္သာရီမြို့နယ် ပကဖ တာဝန်ခံတယောက်က ပြောပါတယ်။

“သူက ဗဟိုကင်းမှာ ကျတယ်၊ အလှည့်ကျနဲ့ သွားနေတာပေါ့။ အဓိက မိန်းကတော့ ဗဟိုကင်းဖြစ်တယ်ဗျာ။ ဗဟိုကင်းပြီးမှ လှုပ်ရှားအဖွဲ့ဆိုပြီး တမုတ်ချုံးဘက် ထွက်လာတဲ့အချိန်မှာ တမုတ်ချုံး မရောက်ခင် သစ်ပင်ခြောက်ဆိုတာ ရှိတယ်။ အဲဒီရွာရောက်တော့ သူတယောက်တည်း ထွက်ပြေးလာတာပါ။ ဒီဘက်မှာ တော်လှန်ရေးအဖွဲ့တွေရှိမှန်း သိတော့ တောတောင်တွေကျော်ပြီး သူ့ဘာသာ စုံစမ်းပြီးတော့ ကျနော်တို့အဖွဲ့ကို ဆက်သွယ်လာတယ်။ ကျနော်တို့လည်း သွားခေါ်လာပေးပါတယ်။”

ထွက်ပြေးလာစဉ်က MA-1 တလက်၊ ကျည်ဘောက် ၅ ဘောက်၊ ကျည်အတောင့် ၂၂ဝ ယူဆောင်အပ်နှံခဲ့တဲ့အတွက် ဆုငွေ ကျပ်သိန်း ၂ဝ ချီမြှင့်ပေးခဲ့တယ်လို့ တာဝန်ခံဖြစ်သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ဘက်ပြောင်းတပ်သားကို ခေါ်ယူစောင့်ရှောက်ပေးထားပြီး သူ့ရဲ့ စိတ်ဆန္ဒအလျောက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

အခုနှစ် အောက်တိုဘာ ၂ ရက်နဲ့ စက်တင်ဘာ ၂၈ ရက်တို့မှာ မြိတ်မြို့ ခလရ ၁ဝ၃ တပ်ရင်းက တပ်သား ၂ ယောက် ဘက်ပြောင်းခိုလှုံလာခဲ့သေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013