DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငါ့သရောက်တွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းမိ
DVB
·
June 1, 2026
Photo: 21 Bagan-People Defense Force
Photo: 21 Bagan-People Defense Force
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ငါ့သရောက်မြို့နယ်ခွဲအတွင်း မေ ၂၆ ရက်က စစ်မှုထမ်းတပ်သားသစ် တယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Earthquake People’s Defence Force ရဲ့ ပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံက “စစ်တပ်က ငါ့သ​ရောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အထဲကနေ ပါလာတဲ့ ပစ တယောက်ကို စစ်ဆိုင်နေတဲ့ ရှေ့တန်းစစ်မြေပြင်တနေရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အရှင်ဖမ်းဆီးရမိသူဟာ ကိုယ်ပိုင်နံပါတ် ပစ/၁၇၇၅၈၅ တပ်သား မျိုးထက်ဇော် ဖြစ်ကာ သူနဲ့အတူ MA1 သေနတ် ၁ လက်၊ ကျည်အတောင့် ၁၀၀ ၊ ကျည်ဘောက် ၄ ခု၊ ၆၀ မမ အဖူး ၁ လုံး တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်မှုထမ်းတပ်သားဖမ်းဆီးမှုကိုတော့ Earthquake People's Defense Force၊ ပခုက္ကူခရိုင် Localတပ်ရင်း(PDLB)၊ 21 Bagan-People Defense Force၊ Bagan Garuda Force၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့ (DYT) နဲ့ Badassess Burma Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

21 Bagan-People Defense Force ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယက္ခက “ငါ့သရောက်ထဲကို စစ်တပ်ဘက်က ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းထိုးနေတယ်။ တချို့နေရာတွေမှာတော့ တိုက်ပွဲတွေဖြစ်နေတာနဲ့ ဖြစ်ခဲ့တာတွေ ရှိတာပေါ့။ စစ်မှုထမ်းတပ်သားကို အရှင်ဖမ်းမိတဲ့နေရာကတော့ စစ်ဆိုင်ထားတဲ့ စစ်ရေးတင်းမာနေတဲ့ နေရာပေါ့။ သူတယောက်တည်း ရိက္ခာထွက်ရှာရင်း ဒီဘက်က မဟာမိတ်ရဲဘော်တွေနဲ့ ဆုံပြီး ဖမ်းဆီးမိခဲ့တာပါ” လို့DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့အဆိုပါ စစ်မှုထမ်းတပ်သားကို စစ်သုံ့ပန်းဥပဒေနဲ့အတူ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ငါ့သရောက်မြို့နယ်ခွဲထဲကို အင်အားအလုံး​အရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း သတိနဲ့နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က သတိပေးတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013