DVB Logo
Home
အားကစား
ဘုန်းမောက်ကြယ်ပွင့် ဆမ်မန်ညိုကို စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၅ သန်းပေးပြီးခေါ်ယူနိုင်
DVB
·
November 18, 2025
ဘုန်းမောက်ကြယ်ပွင့် ဆမ်မန်ညိုကို စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၅ သန်းပေးပြီးခေါ်ယူနိုင်
Donate to DVB

ဘုန်းမောက်ကြယ်ပွင့် ဆမ်မန်ညိုကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းပေးပြီးခေါ်ယူနိုင်တယ်လို့ သိရပါတယ်။

ဂါနာလက်ရွေးစင်တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားအပြီးမှာ ၆ ဂိုးသွင်း ၃ ကြိမ်ဂိုးဖန်တီးထားသူဖြစ်ပြီး ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းခံနေရသူပါ။ 

ဆမ်မန်ညိုဟာ ဘုန်းမောက်အသင်းနဲ့ ၅ နှစ် စာချုပ်သက်တမ်းတိုးခဲ့ပေမဲ့ စာချုပ်ဖျက်သိမ်ကြေး ပေါင် ၆၅ သန်း ထည့်သွင်းချုပ်ဆိုထားကြောင်း BBC သတင်းမှာ အခိုင်အမာဖော်ပြပါတယ်။

ဆမ်မန်ညိုရဲ့ စာချုပ်ဖျက်သိမ်းကြေးက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလရဲ့ ပထမဆုံး ၂ ပတ်အတွင်းမှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

လန်ဒန်မှာမွေးခဲ့သူ ဆမ်မန်ညိုဟာ ဘရစ္စတိုးလ်စီးတီးအသင်းနဲ့ ကစားသမားဘဝစတင်ခဲ့ပြီး ဖခင်ဖြစ်သူက ဂါနာနိုင်ငံသား ဖြစ်တဲ့အတွက်  ဂါနာအသင်းကို ကိုယ်စားပြုကစားနေတာ ဖြစ်ပါတယ်။

Photo:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013