DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် နိုအယ်လ်မုန်တိုင်း သက်ရောက်မှုအရှိန်ကြောင့် တနိုင်ငံလုံး မိုးပိုမိုရွာသွန်းမည် 
DVB
·
July 24, 2026
Source: TNN Earth / Thai Meteorological Department 
Source: TNN Earth / Thai Meteorological Department 
Donate to DVB

ထိုင်းနိုင်ငံမှာ နိုအယ်လ် NOUL အမည်ရှိ မုန်တိုင်းသက်‌ရောက်မှုကြောင့် တနိုင်ငံလုံးရဲ့ ဒေသအ များစုမှာ  ဇူလိုင် ၂၅ ရက်မှ လကုန်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ဇူလိုင် ၂၄ မနက်မှာ ထုတ်ပြန်ပါတယ်။ 

ဇူလိုင် ၂၄ မှ ၂၅ ရက်နေ့အတွင်း ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအီဆန်ဒေသ၊ ထိုင်းအရှေ့ပိုင်း နဲ့ တောင်ပိုင်းရဲ့ အနောက်ဘက်‌ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်မယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂၆ မှ ၃၁ ရက်နေ့တွေမှာလည်း မိုးရွာသွန်းမှု ပိုမိုများပြားလာပြီး ဆက်တိုက်ရွာ သွန်းနိုင်တယ်။ အကြောင်းရင်းမှာ ဖိလစ်ပိုင်နိုင်ငံ လူးဇွန်ကျွန်းအထက်ပိုင်းက လေဖိအားနည်း ရပ်ဝန်းဟာ နိုအယ်လ် NOUL အမည်ရှိ အပူပိုင်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာပြီး အနောက်မြောက်ဘက်ကို ရွေ့လျားလျက်ရှိတယ်၊ ဇူလိုင် ၂၅ မှ ၂၆ ရက်တွင်း တောင်တရုတ်ပင်လယ်အထက်ပိုင်းကို ရွေ့လျားကာ ဇူလိုင် ၂၇ မှ ၂၈ နေ့ရက်တွေအတွင်း တရုတ်နိုင်ငံတောင်ပိုင်းကို ဆက်လက်ဝင် ရောက်မယ်လို့ ဆိုပါတယ်။ 

အဆိုပါမုန်တိုင်းဟာ ထိုင်းနိုင်ငံတွင်းကို တိုက်ရိုက်ဝင်ရောက်မှာမဟုတ်ပေမဲ့ မုန်တိုင်း ဗဟိုချက်ကို တိုက်ခတ်တဲ့လေဟာ မုတ်သုန်လေကို ပိုမိုအားကောင်းစေတာကြောင့် ထိုင်းနိုင်ငံ တဝန်းဒေသ အတော်များမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒီမုန်တိုင်းဟာ တရုတ်တောင်ပိုင်းကွမ်းတုံပြည်နယ်ဘက်  ဝင်ရောက်မှာဖြစ်လို့ အဲဒီဒေသကို ခရီး သွားမယ့်သူတွေအနေနဲ့  ရာသီဥတုအခြေအနေနဲ့ မိမိလေကြောင်းခရီးစဉ်ကို ကြိုတင်စုံစမ်းမေးမြန်း ပြီးမှ ထွက်ခွာသင့်တယ်လို့ အကြံပြုထားပါတယ်။ 

ဇူလိုင်လ ၂၄ ရက်တွင်း ဒေသအလိုက် မိုးလေဝသနဲ့  အပူချိန်တွေကတော့  ထိုင်းမြောက်ပိုင်းမှာ ဒေသရဲ့  ၇၀ ရာခိုင်နှုန်း မိုးရွာသွန်းမယ်၊ မိုးသည်းထန်မဲ့ ဒေသတွေမှာ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ဖရဲ့၊ နန့်၊ ဥဒရာ‌ဒစ်၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဗိစနုလုတ် နဲ့ ဖစ်ချဘွန်းခရိုင်တွေဖြစ်တယ်၊ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ 

အီဆန် (အရှေ့မြောက်ပိုင်း) ဒေသမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းမယ်၊ မိုးသည်းထန်မဲ့ ဒေသတွေမှာ ဥဒွန်းဌာနီ၊ ဘင်ကန်၊ စကွန်းနခွန်း၊ နခွန်းနားယုဒ်၊ ခွန်ကဲန်၊ မဟာဆာရခမ်း၊ အမ်နတ် ကျရွန်း နဲ့ ဥဘွန်းရာ့ချ်ဌာနီ ခရိုင်တို့ဖြစ်ပြီး အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ 

ထိုင်းအလယ်ပိုင်းမှာတော့ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းမယ်၊ မိုးသည်းထန်မယ့်ဒေသတွေမှာ လုပ်ပူရီ၊ ဆရာပူရီ၊ အယုဒ္ဓယ၊ ကန်ကျနပူရီ နဲ့ ရာ့ချ်ပူရီ ခရိုင်တွေဖြစ်ပြီး အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ 

ထိုင်းအရှေ့ပိုင်းမှာ ‌ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းမယ်၊ မိုးသည်းထန်မယ့်ဒေသတွေမှာ နခွန်းနာယုဒ်၊ ချွန်းဖွန်း၊ လယောင်း၊ ကျန်ထပူရီ၊ တရတ် စတဲ့ခရိုင်တွေဖြစ်ပြီး အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် ဖြစ်တယ်။ ပင်လယ်ပြင်လှိုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ တက်နိုင်တယ်လို့ ဆိုပါတယ်။ 

ထိုင်းတောင်ပိုင်းဒေသမှာ ဒေသရဲ့ ၃၀ မှ ၄၀ ရာနှုန်းထိ မိုးရွာသွန်းမယ်၊ မိုးသည်းထန် မယ့်ဒေသတွေမှာ ဖစ်ပူရီ၊ ပရကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ ပတ္တနီ၊ ယာ့လား၊ ရနောင်း၊ ဖူးခက်၊ ကရပီ နဲ့ ဆဒွန်း စတဲ့ခရိုင်တွေဖြစ်ပြီး အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ် ဖြစ်တယ်။ ပင်လယ်ပြင်လှုင်းအမြင့် ၁ မီတာ မှ ၂ မီတာထိ ရှိနိုင်ပါတယ်။ 

ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာတွေမှာတော့ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာသွန်းနိုင်မယ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ် ဖြစ်တယ်လို့  ထိုင်းမိုးဇလက ဖော်ပြပါတယ်။ 

Source: TNN Earth / Thai Meteorological Department 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013