DVB Logo
Home
နိုင်ငံတကာ
ပူတင်နှင့် ထရမ့်ပ်တို့ ထိပ်သီးအစည်းအဝေးသစ် ကျင်းပဖွယ်ရှိ 
DVB
·
November 18, 2025
ပူတင်နှင့် ထရမ့်ပ်တို့ ထိပ်သီးအစည်းအဝေးသစ် ကျင်းပဖွယ်ရှိ 
Donate to DVB

လိုတဲ့ပြင်ဆင်မှုတွေ ပြီးတာနဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ကြား နောက်ထပ်ထိပ်သီးအစည်းအဝေးတခု ကျင်းပနိုင်လိမ့်မယ်လို့ ရုရှား သမ္မတ နန်းတော် ကရင်မလင်က နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ပူတင်နဲ့ ထရမ့်ပ်တို့ဟာ သြဂုတ်လမှာ အလက်စကားမှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေး တခုမှာ နောက်ဆုံး တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက် တခုကို ဆွေးနွေးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့လက ဘူဒါပတ်စ်မြို့မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေး တခုအတွက် အစီအစဉ်တွေကို ကြေညာခဲ့ပေမဲ့ ထရမ့်ပ်က အချိန်ကိုက်တယ်လို့ မခံစားရလို့ မကြာမီမှာ ဖျက်သိမ်းခဲ့ပါတယ်။

ရုရှားအစိုးရဟာ အခွင့်အရေးတခုကို လက်လွတ်ခဲ့သလား၊ ဘယ်အခြေအနေတွေ အောက်မှာ ပူတင်- ထရမ့်ပ် ထိပ်သီးအစည်းအဝေးအသစ်တခု ကျင်းပနိုင်မလဲဆိုတာကို သတင်းထောက် တွေက မေးမြန်းခဲ့ပါတယ်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက "ဒီအခြေအနေတွေ ဘယ်အချိန်မှာ ပေါ်လာမလဲ ဆိုတာကို ကျနော်တို့ ခန့်မှန်းဖို့ခက်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေ နောက်ကျမယ့်အစား မြန်မြန်ဆန်ဆန်ဖြစ်လာမှာကို အားလုံး စိတ်ဝင်စားကြတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ထိပ်သီးအစည်းအဝေး တခုကနေ အကျိုးဖြစ်ထွန်းစေဖို့ နက်ရှိုင်းတဲ့ ပြင်ဆင်မှု လိုအပ်တယ်လို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ပါတယ်။

ဘူဒါပက်စ်ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းကြောင်း ကြေညာရာမှာ ထရမ့်ပ်က ပြီးခဲ့သည့်လက ပူတင်အပေါ် စိတ်ပျက်မိတယ်လို့ ထပ်ပြောပါတယ်။ 

ထရမ့်ပ်က "ကျနော်တို့ ဗလာဒီမာနဲ့ စကားပြောတိုင်း ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်ပါတယ်၊ ဒါပေမဲ့ ဘယ်မှ မရောက်ပါဘူး" လို့ ပြောပါတယ်။ 

အောက်တိုဘာ ၂၂ ရက်မှာ ဒုတိယသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားအပေါ် ယူကရိန်းနဲ့ ဆက်စပ်တဲ့ ပိတ်ဆို့မှုတွေ - ရို့စ်ညက်ဖ်နဲ့ လူကွိုင် ရေနံကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ထရမ့်ပ်က ချမှတ်ခဲ့ပါတယ်။ 

တနင်္ဂနွေနေ့မှာ ထရမ့်ပ်က အမေရိကန် ရီပတ်ဘလစ်ကန်တွေက ရုရှားနဲ့ စီးပွားရေးလုပ်တဲ့ ဘယ်နိုင်ငံကိုမဆို ပိတ်ဆို့မှုတွေ ချမှတ်မယ့် ဥပဒေ တရပ် လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒါဟာ ရုရှားအစိုးရနဲ့ အလွန်ဆိုးရွားတဲ့ ဆက်ဆံရေး ပျက်ပြားသွားလိမ့်မယ်လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ထရမ့်ပ်က အိန္ဒိယရဲ့ ရုရှားရေနံဝယ်ယူမှုကို ကိုးကားပြီး အိန္ဒိယကုန်ပစ္စည်းတွေအပေါ် အခွန်တွေကို သိသိသာသာ မြှင့်တင်ခဲ့ပြီး ရုရှားအစိုးရက တရားမဝင် ကုန်သွယ်ရေး ဖိအားပေးမှုလို့ တနင်္လာနေ့မှာ ပြောပါတယ်။

ကရင်မလင်နန်းတော်က ယူကရိန်းနဲ့ စစ်သုံ့ပန်းလဲလှယ်မှု ဖြစ်နိုင်ခြေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကို မပေးခဲ့ပါဘူး။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းဆီ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ပြီး ကတည်းက စစ်မြေပြင်မှာ ပါနေတဲ့ နှစ်ဖက်စလုံးက စစ်သုံ့ပန်း အများအပြားကို လဲလှယ် ခဲ့ကြပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013