DVB Logo
Home
နိုင်ငံတကာ
လန်ဒန်ပြခန်းရှိ ဘန့်စီ၏ ‘Girl with Balloon’ ပန်းချီကားကို ခိုးယူခဲ့သူ ထောင်ချခံရ
DVB
·
November 16, 2025
လန်ဒန်ပြခန်းရှိ ဘန့်စီ၏ ‘Girl with Balloon’ ပန်းချီကားကို ခိုးယူခဲ့သူ ထောင်ချခံရ
Donate to DVB

ဗြိတိသျှဂရပ်ဖစ်တီအနုပညာရှင် ဘန့်စီရဲ့ အထင်ရှားဆုံးပန်းချီကားတချပ်ဖြစ်တဲ့ “Girl with Balloon” ကို လန်ဒန်ပြခန်းတခုကနေ ခိုးယူခဲ့တဲ့ လယ်ရီဖရေဇာအမည်ရှိ အမျိုးသားတယောက်ဟာ နိုဝင်ဘာ ၁၄ ရက်မှာ ထောင်ဒဏ် ၁၃ လ ချမှတ်ခံခဲ့ရပါတယ်။ 

အသက် ၄၉ နှစ်ရှိ ဖရေဇာဟာ စက်တင်ဘာလရဲ့ ညဉ့်နက်ချိန်မှာ လန်ဒန်မြို့လယ် ဖစ်တ်ဇ် ရိုးဗီးယား ဧရိယာက ဂရို့ဗ်ပန်းချီပြခန်းရဲ့ မှန်တံခါးကို တူနဲ့ထုခွဲပြီး အနုပညာရှင်ရဲ့  လက်မှတ်ပါရှိတဲ့ ပုံနှိပ်လက်ရာကို ခိုးယူခဲ့ပါတယ်။

မျက်နှာဖုံးနဲ့ သူ့ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ဖရေဇာကို ကင်မရာမှာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဖောက်ထွင်းခိုးယူမှုဖြစ်ပွားပြီး ၂ ရက် အကြာမှာပဲ ရဲတွေက သူ့ကို ခြေရာခံမိခဲ့ပါတယ်။

အောက်တိုဘာလမှာ သူဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး သောကြာနေ့မှာ ကင်းစတန် ခရောင်းန် တရားရုံးက သူ့ကို ထောင်ဒဏ် ၁၃ လ ချမှတ်ခဲ့ပါတယ်။ 

အနီရောင် အသဲနှလုံးပုံ မိုးပျံပူဖောင်းကို လက်လှမ်းနေတဲ့ မိန်းကလေးငယ်ရဲ့ ရုပ်ပုံပါဝင်တဲ့ ဒီလက်ရာဟာ ပေါင် ၂၇၀,၀၀၀ (ဒေါ်လာ ၃၆၂,၃၆၇) တန်ဖိုးရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်နဲ့ အခြားနေရာတွေမှာလည်း အဲဒီပုံရိပ်ကို သရုပ်ဖော်ထားတဲ့ နံရံပန်းချီကားတွေ အများကြီးရှိပါတယ်။

"Girl with Balloon" ပန်းချီကားဟာ ၂၀၀၂ ခုနှစ်မှာ လန်ဒန်မြို့ ရှောဒစ်ချ်ရပ်ကွက်ရဲ့ လမ်းတွေပေါ်မှာ ပထမဆုံး ပေါ်လာခဲ့တာဖြစ်ပြီး ဒီပန်းချီကားရဲ့ ဗားရှင်းအမျိုးမျိုးကို ၂၀၀၄ ခုနှစ်မှာ လန်ဒန်မြို့ သိမ်းစ်မြစ်ဘေးရှိ တောင်ပိုင်းကမ်းပါးနယ်မြေမှာနဲ့ ၂၀၀၅ ခုနှစ်မှာ အစ္စရေးရဲ့ အနောက်ဘက်ကမ်း စည်းရိုးနံရံမှာလည်း ဖန်တီးခဲ့ပါတယ်။

ဘန့်စီဟာ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ထိထိမိမိ ပုံဖော်ထားတဲ့  ဂရပ်ဖစ်တီအနုပညာတွေကြောင့် နာမည်ကြီးလာခဲ့ပါတယ်။

တချိန်က အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုလ်မြို့က မထင်မရှား လမ်းဘေးဂရပ်ဖစ်တီ အနုပညာရှင်တယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့အနုပညာလက်ရာတွေဟာ အလွန်နာမည်ကြီးပြီး တန်ဖိုးမြင့်လာခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013