DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအတွက် အမေရိကန်လက်နက် ဝယ်ယူရန် ယူရိုသန်း ၁၅၀  ဂျာမနီ ထပ်မံပေးအပ်
DVB
·
November 15, 2025
ယူကရိန်းအတွက် အမေရိကန်လက်နက် ဝယ်ယူရန် ယူရိုသန်း ၁၅၀  ဂျာမနီ ထပ်မံပေးအပ်
Donate to DVB

ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ပိုလန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးတွေဟာ နိုဝင်ဘာ ၁၄ ရက် က ဘာလင်မှာ အစည်းအဝေးလုပ်ခဲ့ပြီးနောက်မှာ ဂျာမနီနိုင်ငံဟာ ယူကရိန်းကို ပို့ဆောင်မယ့် အမေရိကန်လက်နက်တွေထဲမှ နောက်ထပ် PURL ပက်ကေ့ဂျ် တခု အတွက် အနည်းဆုံး ယူရို ၁၅၀ သန်း (ဒေါ်လာ ၁၇၄ ဒသမ ၉၃ သန်း) ပေးအပ်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘောရစ်စ် ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။ 

ပစ္စတိုးရီးယပ်စ်က “ဂျာမနီနိုင်ငံဟာ PURL ယန္တရား လို့ ခေါ်တဲ့ ယူကရိန်းအတွက် အရေးကြီး ဦးစားပေး လိုအပ်ချက် စာရင်းမှ အမေရိကန်ပြည်ထောင်စုမှာသာ ရရှိနိုင်တဲ့ လက်နက်စနစ်တွေကို ငွေကြေးထောက်ပံ့ ပေးနေတာပါ။ ဥပမာပြောရရင် ပက်ထရီယော့ထ် စနစ်တွေနဲ့ အထူးသဖြင့် သူတို့အတွက် ဒုံးကျည်တွေပါ”လို့  သတင်းထောက်တွေကို ပြောပါတယ်။ 

သူဟာ နေတိုး အတွင်းရေးမှူးချုပ် မာ့ခ်ရွတ်တေနဲ့ ဆက်သွယ်ခဲ့ပြီးတော့ အနည်းဆုံး ယူရို ၁၅၀ သန်းတန်ဖိုးရှိတဲ့ နောက်ထပ်အစီအစဉ်တခုမှာ ပါဝင်ဖို့ သဘောတူခဲ့ကြောင်းနဲ့ အဲဒီကိစ္စမှာလည်း တိုးတက်မှုတွေ ရှိပါတယ်လို့လည်း ပြောဆိုပါတယ်။

ဂျာမနီဟာ ကိယက်ဗ်အတွက် ယူရို သန်း ၅၀၀ PURL အစီအစဉ်တခုကို အရင်က ရန်ပုံငွေ ထောက်ပံ့ခဲ့ပါတယ်။ 

ဂျာမနီဟာ အောက်တိုဘာလမှာ ပက်ထရီယော့ထ် စနစ်အသစ် ၂ ခု၊ ဖြည့်စွက် ပက်ထရီယော့ထ် စနစ် ၂ ခုကို ပေးပို့ခဲ့ပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုမရှိခဲ့ရင် ပိုပြီးမြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ် လို့လည်း ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။ 

အစည်းအဝေး တက်ရောက်ခဲ့တဲ့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာယာကားလာ့စ် က ယူကရိန်းဟာ လာမယ့်နှစ်မှာ ရန်ပုံငွေပိုမိုလိုအပ်မယ့်အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ 

ရွေးချယ်စရာ အများအပြား ရှိပေမဲ့လည်း ရုရှားရဲ့ ရွှေ့ပြောင်းလို့မရနိုင်တဲ့ ပိုင်ဆိုင်မှုတွေကို အသုံးပြုခြင်းဟာ ယူကရိန်းရဲ့ကာကွယ်ရေးကို ထိန်းသိမ်းဖို့ အရှင်းလင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒါဟာ ရုရှားကို အချိန်က သူတို့ဘက်မှာ မရှိဘူးဆိုတာကို ပြသမယ့် နည်းလမ်းတခုလည်းဖြစ်ပြီး ယူကရိန်းကို ထောက်ခံတာဟာ ရုရှားရဲ့အောင်ပွဲရဲ့ ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ရင် ဈေးသက်သာ ပါတယ်လို့လည်း EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာယာကားလာ့စ်က ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013