DVB Logo
Home
အားကစား
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းက ထွက်ခွာ
DVB
·
November 15, 2025
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းက ထွက်ခွာ
Donate to DVB

ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းလေ့ကျင့်ရေးစခန်း ကနေ ထွက်ခွါသွားရပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ ယူကရိန်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးခဲ့ပြီး ခြေစွမ်းပြခဲ့သူပါ။

အဲဒီပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ကစားသွားခဲ့ပေမဲ့ နောက်တနေ့မနက်မှာ ညာဘက်ခြေကျင်းဝတ်မှာ နာကျင်ဝေဒနာခံစားခဲ့ရပြီး လေ့ကျင့်နိုင်ခြင်း မရှိတော့တာကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တာပါ။

အမ်ဘာပေအနေနဲ့ ကြံ့ခိုင်မှု မပြည့်သေးတာကြောင့် လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်ပြီး ဒဏ်ရာထပ်မရဖို့နဲ့ မိခင်ကလပ်အသင်းရဲ့ပွဲစဉ်ဇယားတွေအပေါ် တည့်တွက်ပြီး ကလပ်အသင်းဆီ ပြန်လည်စေလွှတ်ခဲ့ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်သီတင်းပတ်လာလီဂါပွဲစဉ်မှာ အယ်လ်ချီအသင်းနဲ့တွေ့ဆုံနေပြီး အမ်ဘာပေ ပါဝင်နိုင်မလားဆိုတာ ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးပြီးမှသာ ဆုံးဖြတ်သွားဖို့ ရှိပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013