DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံး
DVB
·
November 15, 2025
ရသေ့တောင်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက် မနက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၃ ယောက်သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာထလေကျေးရွာကို စစ်ကောင်စီက မနက် ၉ နာရီခွဲမှာ ဂျက်ဖိုက်တာတစင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာသား ၃ ဦးသေဆုံးပြီး နောက်ထပ် ၄ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

ၑစစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနဲ့ မနက် ၉ နာရီခွဲမှာ ဘာထလေရွာကို ပေါင် ၅၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ ကနဦး သိထားရကတော့ သေဆုံးသူ ၃ ဦးရှိတယ်။ နောက်ထပ်လည်း ၄ ဦးထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ သိထားရတယ်။ အသေးစိတ်အခြေအနေတွေကတော့ စာရင်းကောက်​ယူနေတုန်းပဲ။ အိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်” လို့ပြောပါတယ်။

သေဆုံးနဲ့ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ DVB က ဆက်လက်စုံးစမ်းနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အောက်တိုဘာ လကုန်ပိုင်းကစပြီး စစ်ကောင်စီက လေကြောင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဟာ ဆက်တိုက် မြင့်တက်လာနေပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်တွေမှာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013