DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲအကြမ်းဖက်မှု စုံစမ်းစစ်ဆေးမည်ဟု တန်ဇန်းနီးယားသမ္မတသစ် ကတိပြု
DVB
·
November 15, 2025
ရွေးကောက်ပွဲအကြမ်းဖက်မှု စုံစမ်းစစ်ဆေးမည်ဟု တန်ဇန်းနီးယားသမ္မတသစ် ကတိပြု
Donate to DVB

တန်ဇန်းနီးယားသမ္မတ ဆာမီယာဆူလူဟူးဟက်ဆန်ဟာ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲအတွင်း အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးမယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ ကတိပြုခဲ့ပြီး ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုတွေကို စာနာနှစ်သိမ့်ပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက် ရွေးကောက်ပွဲမှာ မဲ ၉၈ ရာခိုင်နှုန်းနီပါးနဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပါလီမန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ သမ္မတသစ် ဟက်ဆန်က “နိုင်ငံတော်အနေနဲ့ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းသွားမယ်။ ဒီသတ်ဖြတ်မှုတွေရဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ ပြန်လည်သင့်မြတ်ရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းမှာဖြစ်ပြီး၊ ဒီနိုင်ငံကို အတူတကွ တည်ဆောက်ထိန်းသိမ်းနိုင်ဖို့ ဆွေးနွေးမှုအတွက် ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းသွားမယ်”လို့  ဥပဒေပြုအမတ်တွေကို ပြောကြားခဲ့ပါတယ်။

အစိုးရဟာ ရက်ပေါင်း ၁၀၀ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုတွေကို စတင်မယ်လို့ ကတိပြုထားပြီး ပြည်ထောင်စုရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရမယ့် အဆင့်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆာမီယာဆူလူဟူဟက်ဆန်က ပြောပါတယ်။ 

နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ဟာ မသိနားမလည်မှုကြောင့် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖွယ်ရှိတာကို အသိအမှတ်ပြုပြီး မိခင်တယောက်အနေနဲ့ ဒီနိုင်ငံရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ တရားရေးဌာနနဲ့ ရှေ့နေချုပ်တို့ကို ဒီအမှုတွေကို ဆန်းစစ်အကဲဖြတ်ဖို့ ညွှန်ကြားပါတယ်။ 

ရွယ်တူချင်းဖိအားကြောင့် ပါဝင်ခဲ့ပြီး ဘယ်လိုထိခိုက်မှုကိုမျှ မရည်ရွယ်ခဲ့သူတွေအတွက် သူတို့ရဲ့ စွဲချက်တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်လို့လည်း ဆိုပါတယ်။  သမ္မတသစ်ဟာ အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေတယ်  ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

လုံခြုံရေးတပ်ဖွဲ့တွေက လူ ၁,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုခဲ့တဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ချာဒယ်မာ) မှ ချက်ချင်းတုံ့ပြန်မှု မရှိပါဘူး။

ကုလသမဂ္ဂက ဒီသီတင်းပတ် ဆန္ဒပြပွဲတွေအတွင်းလူရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောထားပါတယ်။

အဓိကအတိုက်အခံကိုယ်စားလှယ်လောင်း ၂ ယောက်ကို ဖယ်ထုတ်ခြင်းနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အပြောအရ သဘောထားကွဲလွဲသူတွေကို နှိမ်နင်းခြင်းတွေကြောင့် ဆန္ဒပြပွဲတွေ ဖြစ်လာရတယ် ဆိုတဲ့ စွဲချက်တွေကို အစိုးရက ပယ်ချခဲ့ပါတယ်။ 

အစိုးရဟာ သေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေအကြောင်း အတိုက်အခံတွေရဲ့ ထုတ်ပြန်ချက်တွေကို ချဲ့ကား ပြောဆိုမှာဆိုပြီး ပယ်ချခဲ့ပေမဲ့ အရှေ့အာဖရိကနိုင်ငံကို ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး နိုင်ငံရေး အကျပ်အတည်းထဲကို ကျရောက်စေခဲ့တဲ့ မငြိမ်မသက်မှုရဲ့ သက်ရောက်မှုအပေါ် အစိုးရရဲ့ ကိုယ်ပိုင်ခန့်မှန်းချက် တွေကို မပေးခဲ့ပါဘူး။ 

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013