DVB Logo
Home
မြန်မာသတင်း
တောင်သာမြို့နယ်၌ စစ်တပ်စစ်ကြောင်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
November 15, 2025
တောင်သာမြို့နယ်၌ စစ်တပ်စစ်ကြောင်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီး
1 / 7
Donate to DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲကို နိုဝင်ဘာ ၉ ရက်က စတင်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျေးရွာတွေအတွင်းဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောင်သာမြို့နယ် လူသားစာနာတာဝန်ခံ ကိုရသေ့ကြီးက “ဘိန်းနွယ်ကုန်း၊ တမန်ကြီး၊ မြေဖြူကုန်းနဲ့ ဆည်ကုန်းရွာတွေမီးရှို့ခံရတယ်။ စစ်တပ်စစ်ကြောင်းတွေဝင်လာပြီး နောက်နေ့ကနေစရှို့တာပါ။ အခုထိလည်း စစ်ကြောင်းကရှိနေသေးတော့ ဘယ်ရွာတွေကနေအိမ်ဘယ်လောက်များများ မီးရှို့ခံရတယ်ဆိုတာ စာရင်းကောက်လို့မရသေးဘူး။ ရွာခံတွေ ၃,၀၀၀ နီးပါးလည်း ထွက်ပြေး နေကြရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က မြင်းခြံနယ်ထဲကို တောင်ဘက်နဲ့ မြောက်ဘက်တွေကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး စစ်ကြောင်းတကြောင်းက တမန်ကြီး၊ မြေဖြူကုန်းရွာတွေဘက်ဖြစ်ကာ နောက်တကြောင်းက ဘိန်းနွယ်ကုန်းရွာဘက်မှာလို့ သိရပါတယ်။

တောင်သာမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကြောင်း ၂ ကြောင်းလုံးမှာက မြင်းခြံ ခမရ ၁၅ နဲ့ ပျူအင်အား ၅၀၀ နီးပါးလောက်ပါတယ်။ သူတို့ဘက်က လက်နက်ကြီးတွေပစ်တာတွေရှိသလို ဒရုန်းတွေနဲ့လုံးဗုံးကြဲတာတွေရှိတယ်။ ကျနော်တို့နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်တာတွေလည်းရှိနေတယ်။ ကျနော်တို့ဘက်ကတော့ ကာကင်းစခန်း တချို့ဆီကနေ ဆုတ်ပေးလိုက်ပြီး ထပ်ကာထားတဲ့ အနေအထားတချို့လည်းရှိနေတယ်။ ကျနော့်အမြင်ကတော့ ဒီဘက်ကတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြင်းခြံ-တောင်သာလမ်းပိုင်းကို သူတို့ဘက်က ပြန်ပြီးစိုးမိုးချင်တာကြောင့် အခုလိုစစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ထိုးလာတယ်လို့ ယူဆတယ်ဗျ”လို့ DVB ကို ပြောပါတယ်။

အဆိုပါ မြင်းခြံ-တောင်သာလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားဟာ ၁ နှစ်နီးပါးရှိနေပြီလို့ လည်း သူကဆက်ပြောပါတယ်။

မြင်းခြံ-တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေထဲကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးတာ အပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013