DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ ကျေးရွာ ၃ ရွာကို စစ်တပ်ကမီးထပ်ရှို့၊  လူနေအိမ် ၁၀၀ ကျော် ပျက်စီး
DVB
·
November 15, 2025
ဝက်လက်မြို့နယ်၌ ကျေးရွာ ၃ ရွာကို စစ်တပ်ကမီးထပ်ရှို့၊  လူနေအိမ် ၁၀၀ ကျော် ပျက်စီး
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းမှာ စစ်တပ်စစ်ကြောင်းက မီးထပ်ရှို့လို့ လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက​ သိရပါတယ်။

ရွာသာကြီးရွာကနေထွက်လာတဲ့ စစ်ကြောင်းက ပင်းဇင်းနဲ့ ကျီးကန် (မြောက်) ရွာတွေကို မီးရှို့ခဲ့ကြတာလို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

“ပင်းဇင်းက အိမ် ၅၀ ကျော်တယ်။ ကျီးကန် (မြောက်) ရွာကတော့ အိမ် ၇၀ ကျော်တယ်လို့ သိရတယ်။ စစ်ကြောင်းရှိနေသေးတော့ အတိအကျတော့ မသိရသေးဘူး။ ​မြေပြင်မှာတော့ အခုအရေအတွက်ထက်ပိုများနိုင်တယ်။”

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာလည်း ရွာသာကြီးကျေးရွာ၊ ကျီးရစ်ကန်ကျေးရွာနဲ့ ဥယျာဉ်မကျေးရွာတွေကို ထပ်မံမီးရှို့သွားကြပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာတွေဟာ ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ မူးကြီး၊ တံတားဦး၊ လှတော၊ ရွေကျင်၊ ခေါတော၊ စိုင်နိုင်လေး၊ လိန်ပင်၊ မြင်တော်၊ ဦးတည်ကုန်း စတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

စိုင်နိုင်လေး၊ စိုင်နိုင်ကြီး၊ သားနား၊ ရေထွက်၊ မောက်ကြိုး၊ ရွှေကျင်၊ လှတော၊ ကျီးကန် (တောင်)၊ ကျီးကန် (မြောက်)၊ ဥယျာဥ်မ၊ ရွာတော်ကုန်း၊ တမာကုန်း၊ တံတာဦး၊ ထုံးဘို၊ အုတ်ဖိုကုန်း၊ လှည်းဦးကြီး၊ တကောင်းဒေါင့်၊ ကံထူး၊ လိန်ပင်၊ ခေါတော၊ သရက်ချိုနဲ့ ကျောက်ကုန်းကျေးရွာက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦး ဆောင်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကစပြီး ဝက်လက်မြို့ပေါ်မှာလည်း အင်အားတွေတိုးမြှင့်ချထားသလို ​အောက်တိုဘာလလယ်ပိုင်းကစတင်ပြီး ဝက်လက်မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေကာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင်က “ဝက်လက်နယ်ထဲမှာ ရန်သူ့စစ်ကြောင်း ၄ ကြောင်းရှိနေတယ်။ တကြောင်းကိုအင်အား ၁၂၀ နဲ့ ၁၅၀ ကြားပါတယ်။ ပြီးခဲ့တဲ့လ ဒုတိယပတ်လောက်ကတည်းက ထိတွေ့တိုက်ပွဲတွေရှိနေတာ။ အဲ့ဒိ ပင်းဇင်းနဲ့ ကျီးကန် (မြောက်) ရွာတွေကို မီးရှို့တဲ့စစ်ကြောင်းကိုလည်း မိုင်းဆွဲပြီးတိုက်ခိုက်ခဲ့တာတွေရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကစပြီး ဝက်လက်မြို့ပေါ်မှာလည်း အင်အားတွေ တိုးမြှင့်ချထားတာတွေလုပ်ဆောင်နေသလို အောက်တိုဘာလလယ်ပိုင်းကစတင်ပြီး ဝက်လက်မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ တွေပြုလုပ်နေပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေလို့ ဝက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေအပြင် စစ်ဘေးရှောင်တွေအနေနဲ့ သတိရှိရှိသွားလာနေထိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းတွေကြောင့် ဝက်လက်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ကျော်က လူဦးရေ ၂၀,၀၀၀ ဝန်းကျင်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး စစ်ဘေး​ရှောင်တွေ အတွက်လှူဒါန်းလိုသူတွေအနေနဲ့လည်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေကြတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013