DVB Logo
Home
နိုင်ငံတကာ
BBC သတင်းဌာနက ထရမ့်ပ်ကို တောင်းပန်သော်လည်း လျော်ကြေးပေးရန် ငြင်းဆန်
DVB
·
November 14, 2025
BBC သတင်းဌာနက ထရမ့်ပ်ကို တောင်းပန်သော်လည်း လျော်ကြေးပေးရန် ငြင်းဆန်
Donate to DVB

Panorama အစီအစဉ်၊ ရုပ်သံမှတ်တမ်းတခုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မိန့်ခွန်းကို ဖြတ်ညှပ်ကပ် လုပ်ခဲ့တဲ့အတွက် BBC သတင်းဌာနက တောင်းပန်ခဲ့ပေမဲ့ လျော်ကြေးပေးဖို့ တောင်းဆိုချက်ကိုတော့ ပယ်ချခဲ့ပါတယ်။

ဒီတည်းဖြတ်မှုဟာ “သမ္မတထရမ့်ပ်က အကြမ်းဖက်ဖို့ တိုက်ရိုက်လှုံ့ဆော်တယ်ဆိုတဲ့ မှားယွင်းတဲ့အမြင်” ကို ပေးရာရောက်ခဲ့ကြောင်း BBC က ဝန်ခံခဲ့ပြီး အဲဒီ ၂၀၂၄ အစီအစဉ်ကို ထပ်မလွှင့်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ထရမ့်ပ် အရေးနိမ့်ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် ဝါရှင်တန်ဒီစီမှာ ထရမ့်ပ် ပြောခဲ့တဲ့ မိန့်ခွန်းကို တည်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မိနစ် ၅၀ ကျော် ခြားနေတဲ့ စကားနှစ်ခွန်းကို ကပ်လိုက်တဲ့ကိစ္စကြောင့် ပြဿနာတက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီရုပ်သံမှတ်တမ်းကို ပြန်ရုပ်သိမ်း၊ တောင်းပန်ပြီးတော့၊ လျော်ကြေးမပေးရင် ထိခိုက်နစ်နာမှုအတွက် ဒေါ်လာ ၁ ဘီလီယံ ရလိုကြောင်း တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီဖြစ်ရပ်ရဲ့ အကျိုးဆက်အနေနဲ့ BBC ညွှန်ကြားရေးမှူးချုပ် တင်ဒေးဗီးနဲ့ သတင်းပိုင်း အမှုဆောင်ချုပ် ဒီဘိုရာတားနက်စ်တို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရာထူးကနေ နုတ်ထွက်ခဲ့ကြပါတယ်။

အလားတူ ဖြတ်၊ ညှပ်၊ ကပ်ထားတဲ့ ဗီဒီယိုအပိုင်းလေးကိုပဲ ၂၀၂၂ ခုနှစ်က Newsinsight အစီအစဉ်မှာလည်း ထည့်သွင်းပြသခဲ့တယ်ဆိုတာ တယ်လီဂရပ်ဖ်သတင်းစာက ထပ်မံဖွင့်ချခဲ့အပြီး နာရီပိုင်းအကြာမှာ BBC ရဲ့ တောင်းပန်တဲ့ ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

BBC ရဲ့ ပြောခွင့်ရသူကတော့ ဗီဒီယိုကလစ်ကို တည်းဖြတ်ခဲ့တဲ့ ပုံစံအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ အသရေဖျက်မှုအရ တရားစွဲဆိုဖို့ အကြောင်းခိုင်လုံတယ်ဆိုတဲ့ အချက်ကိုတော့ ပြင်းပြင်းထန်ထန် သဘောကွဲလွဲကြောင်း ပြောပါတယ်။

BBC ဥက္ကဋ္ဌ ဆာမီယာ ရှာ ကလည်း သမ္မတအိမ်ဖြူတော်ကို သီးသန့်စာတစောင် ပေးပို့ပြီး ဒီတည်းဖြတ်မှုအတွက် သမ္မတထရမ့်ပ်ကို တောင်းပန်ခဲ့ပါတယ်။

လက်ရှိမှာ BBC ရဲ့ အမှားပြင်ဆင်ရေးဌာနကလည်း Panorama အစီအစဉ်ကို ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013