DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် အသက်ပြည့်ပြီးသူတိုင်း ဆန္ဒအလျောက် စစ်မှုထမ်းအစီအစဉ် စတင်မည်
DVB
·
November 14, 2025
ဂျာမနီတွင် အသက်ပြည့်ပြီးသူတိုင်း ဆန္ဒအလျောက် စစ်မှုထမ်းအစီအစဉ် စတင်မည်
Donate to DVB

ဂျာမနီမှာ စစ်သည်အင်အား သောင်းနဲ့ချီ လိုအပ်နေပေမဲ့ စစ်မှုမထမ်းမနေရစနစ်ကို ပြန်အသက်သွင်းမှာ မဟုတ်ဘဲ မက်လုံးပေး ဆွဲဆောင်မှုတွေနဲ့ သဘောဆန္ဒအလျောက် စစ်မှုထမ်းတဲ့စနစ်ကိုပဲ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီးယပ်စ်ရဲ့ အစီအစဉ်သစ်အရ ပိုကောင်းတဲ့လစာနဲ့ အခြေအနေတွေပေးကာ ဇန်နဝါရီလမှာ စတင်ခေါ်ယူသွားမှာဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေကြမ်းကို ဒီဇင်ဘာလမှာ လွှတ်တော်တင်သွားဖို့ ရှိနေပါတယ်။

ဒီစနစ်သစ်အရ ၂၀၂၆ ခုနှစ်မှာ စစ်သားသစ် အယောက် ၂၀,၀၀၀ ခန့်အထိ စုဆောင်းဖို့ ရည်မှန်းထားပြီး စစ်မှုထမ်းသူတွေဟာ အခွန်မဆောင်ခင် လစဉ် ယူရို ၂,၆၀၀ ရရှိမှာ ဖြစ်ပါတယ်။

ဂျာမနီစစ်တပ်ဟာ လက်ရှိ စစ်သည်အင်အား ၁၈၂,၀၀၀ ကနေ ၂၀၃၅ ခုနှစ်မှာ NATO လိုအပ်ချက်တွေ ပြည့်မီဖို့ အနည်းဆုံး ၂၆၀,၀၀၀ အထိ တိုးမြှင့်ဖို့ လိုအပ်နေတာပါ။

လိုအပ်တဲ့ စစ်သားအရေအတွက် မရရှိခဲ့ရင်တော့ “လိုအပ်သလောက် စစ်မှုမထမ်းမနေရ” စနစ်ကို လွှတ်တော်က ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

အစီအစဉ်သစ်အရ ၂၀၂၆ ခုနှစ်ကစပြီး အသက် ၁၈ နှစ်ပြည့်သူ အမျိုးသားတိုင်း  မေးခွန်းလွှာတွေ ဖြည့်ရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ စစ်မှုထမ်းဖို့ ဆန္ဒရှိမှသာ ဖြည့်စွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၇ ခုနှစ် ဇူလိုင်လကစပြီး အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသားတိုင်း ကြံ့ခိုင်မှု ဆေးစစ်ချက် မဖြစ်မနေ ခံယူရမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013