DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက  အလှမယ် JK Sophia ကို ဂုဏ်ပြု (ဓာတ်ပုံ) 
DVB
·
November 14, 2025
နမ့်ခမ်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက  အလှမယ် JK Sophia ကို ဂုဏ်ပြု (ဓာတ်ပုံ) 
1 / 11
Donate to DVB

ထိုင်းနိုင်ငံဘန်ကောက် နိုင်ငံတကာအလှမယ်ရွေးပွဲ Miss Grand International 2025 သွားရောက်ယှဉ်ပြိုင်ပြီး မွေးရပ်ဌာနေ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ပြန်လည်ရောက်ရှိလာတဲ့ အလှမယ်  JK Sophia   (ခ) နန်းယေ့ခမ်းကို နမ့်ခမ်း ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက နိုဝင်ဘာ ၁၃ ရက်  မွန်းလွဲ ၂ နာရီမှာ အခမ်းအနားနဲ့ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ 

အခမ်းအနားမှာ နမ့်ခမ်းရှမ်းစာပေယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းချစ်ဆွေက ဂုဏ်ပြုအမှာစကားပ ပြောကြားပြီး ဂုဏ်ပြုလွှာပေးအပ်ကာ ရှမ်းအသိုက်အဝန်းကလည်း သူ့ကို အလှမယ်သရဖူနဲ့ အမှတ်တရလက်ဆောင် ကိုယ်စီပေးအပ်ခဲ့ပါတယ်။

Sophia ရဲ့ အဘွား၊ မိဘနဲ့ ဆွေမျိုးတွေကလည်း  ကိုယ်တိုင်လုပ် ရှမ်းခေါက်ဆွဲနဲ့ တို့ဖူးနွေးကို အလှမယ်ပြိုင်ပွဲဝင်စဉ် ပြသခဲ့တဲ့ တွန်းလှည်းနဲ့ သယ်ပြီး ဂုဏ်ပြုပွဲတက်ရောက်လာသူတွေကို ပြန်လည်ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013