DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား ဘူချွန်းဈေးအတွင်း ထရပ်ကား ဝင်တိုက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
DVB
·
November 14, 2025
တောင်ကိုရီးယား ဘူချွန်းဈေးအတွင်း ထရပ်ကား ဝင်တိုက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
Donate to DVB

တောင်ကိုရီးယားနိုင်ငံ၊ ဂျောင်ဂီပြည်နယ်၊ ဘူချွန်းမြို့က ဈေးတခုထဲကို လိုက်ထရပ်ကားတစီး ဝင်တိုက်ခဲ့ရာမှာ ကားလုံးဝ ရပ်တန့်မသွားခင်မှာ ဈေးဆိုင်ခန်းတွေ စီတန်းနေတဲ့ လျှောက်လမ်းတလျှောက်ကို မီတာ ၁၅၀ လောက် ထိုးဝင်မောင်းနှင်သွားခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ်ဌာန အရာရှိတွေနဲ့ မီဒီယာသတင်းတွေအရ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ ဆိုးလ်မြို့တော်ရဲ့ အနောက်ဘက် ၂၀ ကီလိုမီတာ (၁၂ မိုင်) လောက်အကွာရှိ ဘူချွန်မြို့ရှိ ဈေးတခုမှာ ဖြစ်ပွားခဲ့ကြောင်း မီးသတ်အရာရှိတယောက်က ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

ထရပ်ကားဟာ ဈေးပြင်ပကို အရှိန်တင်မောင်းနှင်ခြင်းမပြုခင် ၂၈ မီတာလောက် နောက်ပြန်ဆုတ်သွားပုံ ရတယ်လို့လည်း ဆိုပါတယ်။ ယာဉ်မောင်းဟာ ရုတ်တရက် အရှိန်မြှင့်သွားမှုကြောင့် မတော်တဆမှု ဖြစ်ရကြောင်းလည်း အဲဒီမီးသတ်အရာရှိက ပြောပါတယ်။

ယာဉ်မောင်းကို အရက်သောက်ထားခြင်း ရှိ မရှိ အယ်လ်ကိုဟော စစ်ဆေးမှုမှာလည်း မူးယစ်နေခြင်း မရှိဘူးလို့ ရဲအရာရှိတယောက်က ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နှလုံးရပ်သွားသူ ၂ ယောက်ဟာ နောက်ပိုင်းမှာ သေဆုံးသွားကြောင်း ယွန်ဟက်ပ် သတင်းဌာနက ထုတ်ပြန်ပါတယ်။ 

ရဲတွေဟာ အသက် ၆၀ ကျော်အရွယ် ယာဉ်မောင်းကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်းလည်း ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013