DVB Logo
Home
အားကစား
အင်္ဂလန်က ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိဖြင့်နိုင်ပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်
DVB
·
November 14, 2025
အင်္ဂလန်က ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိဖြင့်နိုင်ပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်
Donate to DVB

အင်္ဂလန်အသင်းဟာ အာဆင်နယ် တောင်ပံကစားသမား ဘူကာရိုဆာကာ ခြေစွမ်းပြမှုနဲ့အတူ ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်ကတည်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီးဖြစ်တဲ့ အင်္ဂလန်အသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်း အပါအဝင် ဆာကာ၊ ရက်ရှ်ဖို့ဒ်၊ ရိုက်စ်တို့လို အမာခံတွေကို ပွဲထွက်ကစားခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဂမ်ကို အရန်ခုံပိုခဲ့ပြီး ဗီလာကြယ်ပွင့် မော်ဂန်ရော်ဂျာကို ပွဲထွက်စေခဲ့တာပါ။

ပွဲချိန်တလျှောက်လုံး အင်္ဂလန်အသင်းက ထိန်းချုပ်စိုးမိုးကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက အဆုံးသတ် မသေချာလို့သာ ၂ ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။

အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို  ပွဲချိန် ၂၈ မိနစ်မှာ ဆာကာက သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ လူစားဝင်ကစားသမား အက်ဘာရက်ချီအက်ဇေးက ပွဲပြီးခါနီးမှာ သွင်းယူသွားတာပါ။

ဆားဘီးယားအတွက်တော့ ဒီပွဲအရှုံးကြောင့် ပလေးအော့ဖ်တနေရာ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ရပြီး အယ်လ်ဘေးနီးယားက ပလေးအော့ဖ်ကစားခွင့် ရယူနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013