DVB Logo
Home
နိုင်ငံတကာ
စည်းကြပ်ခွန်ရငွေမှ နိုင်ငံသား ၁ ဦးကို ဒေါ်လာ ၂,၀၀၀ ပေးမည့်အစီအစဉ် အိမ်ဖြူတော် အတည်ပြု
DVB
·
November 13, 2025
စည်းကြပ်ခွန်ရငွေမှ နိုင်ငံသား ၁ ဦးကို ဒေါ်လာ ၂,၀၀၀ ပေးမည့်အစီအစဉ် အိမ်ဖြူတော် အတည်ပြု
Donate to DVB

စည်းကြပ်ခွန်ကောက်ခံမှုက ရရှိတဲ့ အစိုးရဘဏ္ဍာတွေထဲကနေ အမေရိကန်နိုင်ငံသားတွေကို တယောက် ဒေါ်လာ ၂,၀၀၀ စီ အစုပေါ်အမြတ် (dividend) ခွဲဝေပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သန္နိဋ္ဌာန်ချထားတယ်လို့ အိမ်ဖြူတော်က နိုဝင်ဘာ ၁၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အိမ်ဖြူတော်က ဒီကိစ္စဖြစ်အောင်လုပ်ဖို့ ဥပဒေရေးရာနည်းလမ်း အားလုံးကို လေ့လာနေတယ်လို့ ပြောခွင့်ရအမျိုးသမီး ကယ်ရိုလိုင်းလဲဗစ်က အတည်ပြုထားပါတယ်။

အချိန်ဇယားနဲ့ အခြားအသေးစိတ်ကို မသိရသေးပေမဲ့ သမ္မတက အဲဒီလို ဖြစ်စေချင်တယ်လို့ ရှင်းအောင် ပြောထားပြီး ဖြစ်တဲ့အတွက် သူ့ရဲ့ စီးပွားရေးအကြံပေးတွေက သုံးသပ်နေကြပြီးတော့ သိလာတဲ့အချိန်ကျရင် ပြောမယ်လို့ ဆိုပါတယ်။

သမ္မတထရမ့်ပ်က “စည်းကြပ်ခွန်ကို ဆန့်ကျင်တဲ့သူတွေဟာ အရူးတွေ” ဖြစ်တယ်လို့ နိုဝင်ဘာ ၁၀ ရက်က ဝေဖန်ခဲ့ပြီး ဝင်ငွေမြင့်သူတွေကလွဲလို့ လူတိုင်းကို ဒေါ်လာ ၂,၀၀၀ စီ ခွဲဝေပေးမယ်လို့ ဆိုပါတယ်။ ဒီကောက်ခံရငွေတွေနဲ့ အစိုးရကြွေးမြီတွေ ဆပ်နိုင်တော့မှာ ဖြစ်တယ်လို့လည်း ထရမ့်ပ်က ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ရဲ့ ဖြစ်နိုင်ခြေနဲ့ ကုန်ကျစရိတ်တွေအပေါ် ကျွမ်းကျင်သူတွေက သတိပေး ပြောဆိုမှုတွေ ရှိနေပါတယ်။

Tax Foundation ရဲ့ တွက်ချက်မှုအရ ဒီအစီအစဉ်ဟာ ကုန်ကျစရိတ် ဒေါ်လာ ဘီလီယံ ၃၀၀ ကနေ ၆၀၀ ကြား ရှိနိုင်ပါတယ်။

ဒါဟာ အောက်တိုဘာလကုန်အထိ ကောက်ခံရရှိထားတဲ့ စည်းကြပ်ခွန်ဝင်ငွေ ဒေါ်လာ ၃၀၉ ဘီလီယံထက် ပိုများနေနိုင်ပါတယ်။

ဒါ့အပြင် ဒီစည်းကြပ်ခွန်ဂယက်ကြောင့် ပြည်ပကသွင်းတဲ့ ပစ္စည်းတွေ စျေးပိုကြီးပြီးတော့  အမေရိကန်ပြည်သူတွေဟာ တအိမ်ထောင်ကို တနှစ် ဒေါ်လာ ၁,၆၀၀ ကနေ ၂,၆၀၀ ကြား ပိုမိုကုန်ကျနေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒီလို ငွေသားတိုက်ရိုက်ထုတ်ပေးဖို့ဆိုရင် ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်မှာ ဖြစ်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013