DVB Logo
Home
နိုင်ငံတကာ
ဂါဘွန်သမ္မတဟောင်း၏ ဇနီးနှင့်သားကို ငွေကြေးဆိုင်ရာ ရာဇဝတ်မှုအတွက် ထောင်ဒဏ် နှစ် ၂၀ ချ
DVB
·
November 13, 2025
ဂါဘွန်သမ္မတဟောင်း၏ ဇနီးနှင့်သားကို ငွေကြေးဆိုင်ရာ ရာဇဝတ်မှုအတွက် ထောင်ဒဏ် နှစ် ၂၀ ချ
Donate to DVB

ဂါဘွန်နိုင်ငံက တရားရုံးတခုဟာ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတဟောင်းရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ကို ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအတွက် နိုဝင်ဘာ ၁၂ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး မျက်ကွယ် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

ဒါဟာ ရာစုနှစ်ဝက်ကျော် အာဏာကိုဆုပ်ကိုင်ထားတဲ့ ဘွန်ဂို မိသားစုအတွက် နောက်ဆုံး ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။

အလီဘွန်ဂိုရဲ့ဖခင်ဖြစ်သူ အိုမာဘွန်ဂိုဟာ ရေနံကို အားထားနေရတဲ့နိုင်ငံမှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်သွားချိန် ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ကျော် ရာထူးယူထားခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစပြီး ဗဟိုအာဖရိကနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ သမ္မတ အလီဘွန်ဂိုကို ဖြုတ်ချခဲ့တဲ့ ၂၀၂၃ ခုနှစ် အာဏာသိမ်းမှုအပြီး မကြာခင်မှာပဲ သမ္မတကတော် ဆယ်လ်ဗီးယား ဘွန်ဂို (၆၂ နှစ်) နဲ့ သားဖြစ်သူ နူရီဒင် ဘွန်ဂို (၃၃ နှစ်) တို့ကို ဖမ်းဆီးခဲ့တာပါ။

သမ္မတကတော် ဆယ်လ်ဗီးယားနဲ့ သားဖြစ်သူ နူရက်ဒင်တို့ဟာ အစိုးရရန်ပုံငွေတွေကို အလွဲသုံးစားပြုမှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရပြီး သူတို့ကတော့ ငြင်းဆိုခဲ့ပါတယ်။

သူတို့ကို မေလမှာ နေအိမ်အကျယ်ချုပ်ကို မပြောင်းရွှေ့ခင် ၂ နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရပြီး အဲဒီကနေ အလီဘွန်ဂိုနဲ့အတူ အန်ဂိုလာကို လေယာဉ်နဲ့ ပို့ဆောင်ခံခဲ့ရပါတယ်။

အန်ဂိုလာက သူတို့မိသားစုကို “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်တွေ” နဲ့ ခေါ်ဆောင်သွားခဲ့ကြောင်း ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013