DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါ အကျဉ်းထောင်တွင် အဓိကရုဏ်းဖြစ်ပြီး လူ ၃၀ ကျော် သေဆုံး
DVB
·
November 11, 2025
အီကွေဒေါ အကျဉ်းထောင်တွင် အဓိကရုဏ်းဖြစ်ပြီး လူ ၃၀ ကျော် သေဆုံး
Donate to DVB

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်းရှိ အကျဉ်းထောင်တခုမှာ နိုဝင်ဘာ ၉ ရက်က အကြမ်းဖက်ဆူပူမှု ဖြစ်ပွားခဲ့တဲ့ တရက်တာအတွင်း အနည်းဆုံး အကျဉ်းသား ၃၁ ယောက် သေဆုံးခဲ့ကြောင်း နိုင်ငံရဲ့ အကျဉ်းထောင်အေဂျင်စီ (SNAI) က ပြောပါတယ်။

အဲဒီအဓိကရုဏ်းဟာ လုံခြုံရေးအမြင့်ဆုံး အဆောက်အအုံအသစ်မှာ အကျဉ်းသားတွေကို ပြန်လည်ဖွဲ့စည်းတာကြောင့် ဖြစ်ပေါ်လာခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဂွါယာကီးလ်မြို့တော် တောင်ဘက်ရှိ မချားလာဆိပ်ကမ်းမြို့မှာ အကျဉ်းသား ၂၇ ယောက်ဟာ အသက်ရှူကြပ်တာနဲ့ “ကြိုးပေးခံရလို့ ချက်ချင်းသေဆုံးတာ” တွေ ရှိခဲ့ကြောင်း SNAI အကျဉ်းထောင်အေဂျင်စီက X လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ကြေညာချက်အရ သိရပါတယ်။

အကျဉ်းသားတွေ ဘယ်လိုသေဆုံးခဲ့ရတယ် ဆိုတာနဲ့ ပတ်သက်တဲ့ တခြားအသေးစိတ် အချက်အလက်တွေတော့ မရှိပါဘူး။

လုံခြုံရေးအကြောင်းပြချက်တွေကြောင့် အမည်မဖော်လိုသူ အကျဉ်းသား ဆွေမျိုးတယောက် ကတော့ “ကျနော်တို့ ပစ္စည်းတွေ ယူလာတဲ့အခါ သူတို့က ရေဘူး အပါအဝင် ပစ္စည်းအားလုံးကို စစ်ဆေးကြတယ်။ ဒါကြောင့် လူတိုင်းက အထဲမှာ လက်နက်တွေ ဘယ်လိုရှိနေတာလဲ။ အထဲမှာ အချင်းချင်း ဘယ်လိုသတ်ကြတာလဲလို့ မေးနေကြတယ်” လို့ ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက SNAI အကျဉ်းထောင်အေဂျင်စီဟာ သီးခြားဖြစ်ရပ်အနေနဲ့ အဲဒီအကျဉ်းထောင်မှာပဲ တခြားသေဆုံးမှု ၄ ခု ရှိကြောင်းလည်း ပြောကြားပြီး အဲဒါတွေကိုတော့ နည်းဗျူဟာရဲတပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့ကြောင်းကိုလည်း အစီရင်ခံခဲ့ပါတယ်။

အီကွေဒေါနိုင်ငံဟာ မကြာသေးတဲ့နှစ်တွေအတွင်း အကျဉ်းထောင် အဓိကရုဏ်းပေါင်း များစွာ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

ရာဇဝတ်မှုအပေါ် ခိုင်မာတဲ့ ရပ်တည်ချက် ရယူဖို့ ကတိပြုထားတဲ့ သမ္မတ ဒန်နီရယ် နိုဘိုအာရဲ့ အစိုးရဟာ ဩဇာလွှမ်းမိုးမှုနဲ့ နယ်မြေထိန်းချုပ်မှုအတွက် ယှဉ်ပြိုင်စစ်ခင်းပြီးတော့ ပြိုင်ဘက်ဂိုဏ်းတွေအပေါ် အကြမ်းဖက်မှုကို အပြစ်တင်ခဲ့ပါတယ်။

စက်တင်ဘာလတုန်းကလည်း အဲဒီအကျဉ်းထောင်မှာပဲ ဂိုဏ်းရန်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတခုကြောင့် လူ ၁၄ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရက်အနည်းငယ်အကြာမှာတော့ ကိုလံဘီယာနယ်စပ်အနီး မြောက်ပိုင်းမြို့ အက်စ် မရဲလ်ဒါ့စ်က အကျဉ်းထောင် အဓိကရုဏ်းတခုမှာ နောက်ထပ်လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013