DVB Logo
Home
နိုင်ငံတကာ
အဓိကကဏ္ဍ ၁၇ ခုတွင် ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ပြော
DVB
·
November 11, 2025
အဓိကကဏ္ဍ ၁၇ ခုတွင် ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ပြော
Donate to DVB

ကမ္ဘာ့စတုတ္ထအကြီးဆုံး ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို တဖန်အားကောင်းလာအောင် အဓိကကျတဲ့ကဏ္ဍ ၁၇ ခုမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဝန်ကြီးချုပ်အသစ် ဆာနာအဲ တာကာအိချိက အတည်ပြုပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ အဲဒီထဲမှာ AI အသိဉာဏ်ရည်တုနဲ့ ချစ်ပ်ပြား အပါအဝင် သင်္ဘောတည်ဆောက်ရေး စတဲ့ကဏ္ဍတွေ ပါဝင်လာတာ တွေ့ရပါတယ်။

၂၀၂၆ ခုနှစ်မှာ အပြီးသတ်ဖို့ စီစဉ်ထားတဲ့ စီးပွားရေးတိုးတက်မှု အစီအမံ (Growth Plan) နဲ့ နိုဝင်ဘာလနှောင်းပိုင်းမှာ ထွက်လာမယ့် လှုံ့ဆော်မှုအစီအစဉ်အသစ် (Stimulus Package) ကို အစိုးရက တပြိုင်နက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အခုလိုမျိုး စီပွားရေးအရ လှုံ့ဆော်သွားမယ့် အစီအစဉ်တခုတည်းတင် ဒေါ်လာ ၆၅ ဘီလီယံအထိ တန်ကြေးရှိနိုင်တယ်လို့ Nikkei သတင်းစာမှာ ဖော်ပြထားပါတယ်။

လက်ရှိကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အိမ်ထောင်စုအလိုက် ရင်ဆိုင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကို အစီအစဉ်သစ်ကနေ လျှော့ချပေးနိုင်ဖို့ရာ မျှော်မှန်းထားကြပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေး၊ ဆေးဝါး၊ အရေးပါတဲ့ ဓာတ်သတ္တု၊ လေကြောင်းနဲ့ အာကာသ၊ ဆိုက်ဘာလုံခြုံရေး၊ ကွမ်တမ်ကွန်ပျူတာ၊ နျူကလီးယား ပေါင်းစည်းစွမ်းအင် စတဲ့ အရေးကြီး နယ်ပယ်တွေမှာပါ ရင်းနှီးမြှုပ်နှံသွားဖို့ရှိကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့လမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတဲ့ တာကာအိချိက ဂျပန်ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာကောင်စီကို ဖွဲ့စည်းပြီးနောက် တနင်္လာနေ့အတွင်း ပထမဆုံးအကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ဒီမှာတင်ပြခဲ့တဲ့ အကြောင်းအရာတွေအတွက် လိုအပ်တဲ့ ဖြည့်စွက်ဘတ်ဂျက်ရအောင် လုပ်ဆောင်ဖို့နဲ့ လိုအပ်တဲ့ အခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ဖော်ဆောင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးတွေကို တောင်းဆိုလိုပါတယ်” လို့ တာကာအိချိက ပြောကြားပါတယ်။

မကြာသေးခင်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တာကာအိချိတို့ကြား တွေ့ဆုံမှုအတွင်း သင်္ဘောတည်ဆောက်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သဘောတူညီခဲ့ပါတယ်။

အခုလိုမျိုး ငွေကြေးဖောင်းပွနေတာက ဝန်ကြီးချုပ်ဟောင်း ရှီဂဲရု အီရှီဘာကို တနှစ်မပြည့်ခင်မှာတင် ရာထူးနုတ်ထွက်စေခဲ့တဲ့ အကြောင်းအရင်းဖြစ်သလို အစိုးရသစ် အတွက်လည်း အဓိကစိန်ခေါ်မှုတရပ် ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013