ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီး ရော်ဂျာကမ်ဘာက မေ ၁၉ ရက်က ပြောပါတယ်။
ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် သံသယရှိသူ ၅၄၃ ယောက်ရှိပြီး ၃၂ ယောက် ရောဂါကူးစက်ခံနေရကြောင်း ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုထားပါတယ်။
ကွန်ဂိုနဲ့ အိမ်နီးချင်းယူဂန်ဒါနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၂ ယောက် ရှိကြောင်းလည်း အတည်ပြုပါတယ်။
အာဖရိကရောဂါကာကွယ်ရေးဒါရိုက်တာ ဂျန်ကာဆီယာက လက်ရှိအချိန်မှာ ကာကွယ်ဆေး ၃ မျိုး ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဒါရိုက်တာ တီဒရော့အက်ဟာနွမ်ဂီဘရီယီဆပ်က ရှားပါးတဲ့ ဘန်ဒီဘက်ယိုဗိုင်းရပ်စ်ကူးက်မှုကို နိုင်ငံတကာက အလေးပေးရမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါဟာ အရေးပေါ်ကော်မတီအစည်းအဝေးမလုပ်ခင် WHO အကြီးအကဲက အခုလို ကြေညာခဲ့တာပါ။
ကွန်ဂိုမှာ လက်နက်ကိုအကြမ်းဖက်မှုတွေ ဖြစ်ပွားနေလို့ ရောဂါပြန့်ပွားမှုကလည်း ရက်သတ္တပတ်များစွာ ပြန့်နှံနေနိုင်တဲ့အပေါ် ကျွမ်းကျင်သူများကို ထိတ်လန့်စေခဲ့ပါတယ်။
ကွန်ဂိုနိုင်ငံမှာ ၂၀၁၈-၂၀ ခုနှစ်တုန်းက အီဘိုလာရောဂါဖြစ်ပွားခဲ့ဖူးပြီး လူ ၂,၃၀၀ နီးပါး သေဆုံးခဲ့ကာ ဒုတိယသေဆုံးမှုအများဆုံး စံချိန်တင်ခဲ့ပါတယ်။
အီဘိုလာရောဂါဟာ လူဒါမှမဟုတ် တရိစ္ဆာန်တွေကနေ တိုက်ရိုက်ကူးစက်တတ်တဲ့ တုပ်ကွေးအမျိုးအစား ဖြစ်ပါပြီဂ ကူးစက်ခံရပါက သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိတယ်လို့ WHO က ဆိုပါတယ်။










