DVB Logo
Home
နိုင်ငံတကာ
တရုတ် ဖူကျန်းလေယာဉ်တင်သင်္ဘောကို အဆင့် ၃ ဆင့် မြှင့်တင်ရမည်ဟု ကျွမ်းကျင်သူများ ပြော
DVB
·
November 10, 2025
တရုတ် ဖူကျန်းလေယာဉ်တင်သင်္ဘောကို အဆင့် ၃ ဆင့် မြှင့်တင်ရမည်ဟု ကျွမ်းကျင်သူများ ပြော
Donate to DVB

တရုတ်ရဲ့ ပြည်တွင်းထုတ် အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းဟာ တကယ့် အပြည့်အဝ တိုက်ခိုက်ရေးစွမ်းရည်ရဖို့ နောက်ထပ် အဓိကအဆင့် ၃ ဆင့်ကို ဖြတ်သန်းဖို့သာ လိုပါတော့တယ်လို့ စစ်ရေးရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။  

လေယာဉ်တင်သင်္ဘော အခြေပြု လေယာဉ်တွေ တပ်ဆင်တာ၊ အစောင့်တပ်တွေ တပ်ဖြန့်ချထားတာနဲ့ ခရီးရှည် လေ့ကျင့်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ဒီဇိုင်းထုတ်၊ တည်ဆောက်ထားပြီး လျှပ်စစ်သံလိုက် ပစ်လွှတ်ကိရိယာတွေ တပ်ဆင်ထားတဲ့ နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းဟာ နိုဝင်ဘာ ၅ ရက်မှာ စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ရေတပ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အခန်းကဏ္ဍ အသစ်တခုကို အမှတ်အသားပြုခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်စစ်ရေးကျွမ်းကျင်သူ ကျန်းရွှဲ့ဖန်းက “လေယာဉ်ကို အပြည့်အစုံ တပ်ဆင်ပြီးတဲ့နောက် လေယာဉ်တင်သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးနဲ့ အစောင့်တပ်အဖွဲ့တဖွဲ့ တာဝန်ပေးဖို့ လိုပါတယ်။ ခိုင်မာတဲ့ လေကြောင်းကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစွမ်းရည်တွေအပြင် မြေပြင်နဲ့ ရေပြင်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းကို ပေးစွမ်းနိုင်မယ်။ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ကို အပြည့်အဝ တာဝန်ချထားပြီးရင် တပ်မှူးတွေနဲ့ စစ်သားတွေဟာ မြင့်မားတဲ့ တိုက်ခိုက်ရေးစွမ်းရည်အဆင့်ကိုရောက်ဖို့ မြင့်မားပြင်းထန်တဲ့ အကွာအဝေးရှည် လေ့ကျင့်ခန်းတွေကို လေ့ကျင့်သွားမယ်” လို့ ပြောပါတယ်။ 

၂၀၂၂ ခုနှစ် ဇွန်လမှာ စတင်ရေချပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန်းပြည်နယ်ကို အစွဲပြု နာမည်ပေးထားတဲ့ ဖူကျန်းလေယာဉ်တင်သင်္ဘောဟာ လျှပ်စစ်သံလိုက် လွှတ်တင်ကိရိယာတွေ တပ်ဆင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်ပါတယ်။

တရုတ်ရဲ့ ဖူကျန်းလေယာဉ်တင်သင်္ဘောမှာ ပိုကြီးတဲ့ ကုန်းပတ်နဲ့ တပြိုင်နက်တည်း လွှတ်တင်- ပြန်လည်ထူထောင်ရေးစနစ်၊ အဆင့်မြင့်လေယာဉ်တွေ ရှိပြီး တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တယ်လို့ စစ်ဘက် ဝေဖန်ရေးဆရာ ဝေ့တုန်းရှုက ပြောပါတယ်။

လေယာဉ်တင်သင်္ဘောပေါ်က လေယာဉ်ကွင်းအဖြစ် သုံးနိုင်တဲ့ ဖွဲ့စည်းပုံ မျက်နှာပြင်ပေါ်မှာ J-15T တိုက်လေယာဉ်တွေ၊ J-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေ၊ KJ-600 ကြိုတင်သတိပေး လေယာဉ်တွေ ပါဝင် ရပ်နားနိုင်ပါတယ်။

လေယာဉ်တင်သင်္ဘောရဲ့ ထူးခြားတဲ့ အင်္ဂါရပ်တွေထဲက တခုက လေယာဉ်တွေ တပြိုင်နက်တည်း ပျံတက်၊ ပျံဆင်းနိုင်တဲ့ စွမ်းရည်ဖြစ်တယ်လို့ ဝေတုန်းရှုက ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013