DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် ဉာဏ်ရည်မြင့် ဆက်သွယ်ရေးဖိုရမ် ကျင်းပ
DVB
·
November 10, 2025
တရုတ်တွင် ဉာဏ်ရည်မြင့် ဆက်သွယ်ရေးဖိုရမ် ကျင်းပ
Donate to DVB

၂၀၂၅ ခုနှစ် တရုတ်အပြည်ပြည်ဆိုင်ရာ ဉာဏ်ရည်မြင့် ဆက်သွယ်ရေးဖိုရမ်ကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ်၊ ဝူရှီမြို့မှာ နိုဝင်ဘာ ၈ ရက်က  ကျင်းပခဲ့ပါတယ်။

AI နဲ့ အားဖြည့်ထားတဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း အတွေ့အကြုံတွေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ထုတ်လုပ်ရေးတို့မှာ နောက်ဆုံးပေါ် အလေ့အကျင့်တွေနဲ့ အောင်မြင်မှုတွေကို အသားပေး ဆွေးနွေးခဲ့ပါတယ်။

တရုတ်မီဒီယာအုပ်စုနဲ့ ကျန်စုပြည်နယ်အစိုးရတို့ ပူးတွဲကျင်းပတဲ့ ဒီဖိုရမ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ မီဒီယာကိုယ်စားလှယ်တွေနဲ့ စက်မှုလုပ်ငန်း ကျွမ်းကျင်သူတွေကို စုစည်းပြီး AI ခေတ်မှာ အခွင့်အလမ်းအသစ်တွေနဲ့ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ၂၀၂၅ ခုနှစ် တရုတ်မြို့များ အပြည်ပြည်ဆိုင်ရာ ဉာဏ်ရည်မြင့် ဆက်သွယ်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး ဉာဏ်ရည်မြင့် ဆက်သွယ်ရေးစွမ်းရည် တည်ဆောက်မှုဆိုင်ရာ အကဲဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

သတင်းအချက်အလက်ပြသမှုက အဆက်မပြတ် ပြောင်းလဲနေပြီး AI ခေတ်နဲ့ ပိုကောင်းကောင်း လိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်နိုင်စေတယ်။

အနာဂတ်မှာ ဖြန့်ဝေထားတဲ့ အာရုံခံစနစ်တွေဟာ စားသုံးသူတိုင်းရဲ့ လိုအပ်ချက်တွေကို ဖမ်းယူမှာဖြစ်ပြီး အယ်လ်ဂိုရီသမ်တွေက တဆင့် စားသုံးသူတိုင်းအတွက် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ပေးပို့လိမ့်မယ်လို့ တရုတ်သိပ္ပံအကယ်ဒမီက ပညာရှင် ဟွမ်ဝေက ပြောပါတယ်။

စားပွဲဝိုင်းဆွေးနွေးပွဲနဲ့ အရန်ဖိုရမ်များစွာ အပါအဝင် ပွဲအများအပြားမှာ AI အသုံးချမှုတွေနဲ့ မြို့ပြပုံရိပ်ကို ပုံဖော်ရာမှာ သူတို့ရဲ့အခန်းကဏ္ဍကို လေ့လာခဲ့ကြပါတယ်။ ပါဝင်သူတွေဟာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ထုတ်လုပ်မှုအပေါ် AI ရဲ့ အသွင်ပြောင်း သက်ရောက်မှုကိုလည်း မီးမောင်းထိုးပြခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ပထမဆုံး 8K အာကာသရုပ်ရှင် ‘ရှန်ကျိုး-13’ ရဲ့ ဒါရိုက်တာ ကျူးယိရန်က “ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေနဲ့ မှတ်တမ်းရုပ်ရှင်တွေဟာ အိပ်မက်တွေကို ဖန်တီးပေးတဲ့ အနုပညာပုံစံတွေပါ။ AI ပါဝင်ပတ်သက်မှုဟာ ဒီအိပ်မက်တွေကို ပိုမိုကြွယ်ဝပြီး အံ့မခန်း ဖြစ်စေလိမ့်မယ်” လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013