DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသည့်ကား ဓာတ်တိုင်ဝင်တိုက်ပြီး ၂၁ ဦး ဒဏ်ရာရ
DVB
·
November 10, 2025
ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသည့်ကား ဓာတ်တိုင်ဝင်တိုက်ပြီး ၂၁ ဦး ဒဏ်ရာရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်၊ ဆန်ဆလပူရီမြို့နယ်ထဲမှာ နိုဝင်ဘာ ၉ ရက် မနေ့ မွန်းလွဲပိုင်းက တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ကားတစီး စစ်ဆေးရေးဂိတ်ကို ရှောင်ပြီး အမြန်မောင်းသွားတာမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင် ဝင်တိုက်လို့  ကားထဲပါလာသူ ၂၁ ယောက်လုံး ထိခိုက်ဒဏ်ရာရသွားတယ်လို့  ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေဟာ ဆန်ခလပူရီမြို့  ရန်းတီတံတားအကွေ့အနီးရှိ  စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်စဉ် အရှေ့နဲ့ အနောက် ကားနံပါတ်ပြားမတူညီတဲ့ အနက်ရောင် မီဆူဘီရှီဟိုင်းလပ်စ်ကားတစီး မောင်းဝင်လာတယ်။ ဂိတ်ရောက်တော့ မရပ်တဲ့အပြင် အရှိန်မြှင့်မောင်းထွက်သွားတာကို တာဝန်ရှိသူတွေက ကားနဲ့ အနောက်ကနေ လိုက်သွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါကားဟာ ပလန်ဖယ်ရပ်ကွက် နယ်မြေ ၄ တွင်းရှိ  လမ်းအမှတ် ၃၂၃ အနီးရောက်တော့ အရှေ့ကကားကို ကျော်တက်ဖို့ကြိုးစားစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိ တာလို့ ဆန်ခလပူရီနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

တာဝန်ရှိသူတွေက အခင်းဖြစ်တဲ့နေရာသွားစစ်ဆေးရာမှာ ကားခေါင်းတခုလုံး ကြေမွပျက်စီးနေပြီး ကားထဲမှာရော အနီးနားမှာပါ ထိခိုက်ဒဏ်ရာရသူတွေ ပြန့်ကျဲနေတယ်၊ ၂၁ ယောက်ဒဏ်ရာရပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆန်ခလပူရီဆေးရုံသို့ ပို့ပေးရာမှာ ၃ ယောက် ဒဏ်ရာပြင်းထန်လို့  အတွင်းလူနာအဖြစ်ထားခဲ့ရတယ်လို့ဆိုပါတယ်။ 

ကျန်သူတွေကို စစ်ဆေးရာမှာ သူတို့ ၂၁  ယောက်လုံး ဘာသက်သေအထောက်အထားမှမရှိဘူး ၊ ရန်ကုန်ကနေလာပြီး ပွဲစားအဆက်အသွယ်နဲ့  ဝင်လာတယ်၊ ထိုင်းက ကြက်သားစက်ရုံတရုံမှာ အလုပ်သွားလုပ်ဖို့ဖြစ်တယ်၊ ဒါပေမဲ့ စက်ရုံဘယ်မှာရှိမှန်းမသိဘူး၊ လမ်းမှာ စစ်ဆေးရေး ဂိတ်တွေ့တော့ ဒရိုင်ဘာက အရှိန်မြှင့်အမြန်မောင်းပြီး အခုလို မတော်တဆထိခိုက်မှုကြုံရတာ၊ ဒရိုင်ဘာကတော့ ယာဉ်တိုက်မှုဖြစ်တာနဲ့  ကားနဲ့ သူတို့ကို ထားရစ်ခဲ့ပြီး ကိုယ်လွတ်ရုံးထွက်ပြေးသွားတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက တရားမဝင်မြန်မာ ၁၈ ယောက်ကို လဝကဥပဒေနဲ့အရေးယူဖို့  ဆန်ခလပူရီရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ယာဉ်မောင်းကိုတော့ ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:   Kanchanaburi News / JoCho News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013