DVB Logo
Home
မြန်မာသတင်း
ဝိုင်ဖိုင်အင်တာနက်လိုင်းအချို့ ပြန်မကောင်းသေး
DVB
·
November 9, 2025
ဝိုင်ဖိုင်အင်တာနက်လိုင်းအချို့ ပြန်မကောင်းသေး
Donate to DVB

နိုဝင်ဘာလဆန်းကတည်းက ဝိုင်ဖိုင်အင်တာနက်လိုင်းတွေ သုံးလို့မရတဲ့အထိ ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၉ ရက် ဒီနေ့အထိ တချို့ဝိုင်ဖိုင်လိုင်းတွေ ပုံမှန်ပြန်မဖြစ်သေးဘူးလို့ ရန်ကုန်မြို့မှာနေထိုင်သူတချို့က ပြောပါတယ်။

တချို့ဝိုင်ဖိုင်အင်တာနက်လိုင်းတွေဟာ လိုင်းကျ ပြတ်တောက်တာဖြစ်ပြီး တပတ်ကျော်ကြာတဲ့ နောက်ပိုင်းအထိ ပြန်ကောင်းမလာသေးတာပါ။

ဒါ့အပြင် ပြန်လည်အသုံးပြုလို့ရတဲ့ ဝိုင်ဖိုင်လိုင်းတွေမှာလည်း ပုံမှန်အတိုင်း အသုံးပြုလို့မရတော့ဘဲ တချို့ဝက်ဘ်ဆိုဒ်တွေ၊ နာမည်ကြီး VPN တွေကို ချိတ်ဆက်မသုံးနိုင်တော့ဘူးလို့ ဆိုပါတယ်။

ရန်ကုန်၊ အလုံမြို့နယ်မှာ နေထိုင်သူတယောက်က “အိမ်ကတပ်ထားတဲ့ ဝိုင်ဖိုင်ကတော့ အခုထိ ပြန်မရသေးဘူး။ သူငယ်ချင်းတွေအိမ်ကတော့ ရပြီ။ ဒါပေမဲ့ သူတို့ဝိုင်ဖိုင်ကလည်း Youtube နဲ့ Tiktok လောက်ပဲ ကြည့်လို့ရတယ်။ ကျန်တာတွေကျ သုံးမရဘူး။ VPN ကလည်း အရင်ကဝယ်သုံးထားတဲ့ Express က မရတော့ဘူး။ တချို့တွေကျတော့လည်း ရတယ်ပြောတယ်” လို့ ပြောပါတယ်။

ဝိုင်ဖိုင်အင်တာနက်လိုင်းတွေ ပုံမှန်အတိုင်း သုံးလို့မရသေးတာကြောင့် အွန်လိုင်းကနေ ဈေးရောင်းသူတွေ၊ Delivery ဝန်ဆောင်မှုပေးသူအများစုနဲ့ အွန်လိုင်းပေါ်ကတဆင့် သင်တန်းပေး စာသင်သူအများစု အဆင်မပြေဖြစ်နေကြတယ်လို့ သိရပါတယ်။

ဝိုင်ဖိုင်အင်တာနက် ဝန်ဆောင်တဲ့ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံဆီကို သွယ်ထားတဲ့ ပင်လယ်ရေအောက်က လိုင်းကြိုးတွေ ချို့ယွင်းတာကြောင့်လို့ ထုတ်ပြန်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013